ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 04, 2026
ရန်ကုန် မေ ၃
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းရှိ လွန်းတင်လွန်းချစက်ရုံသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက ဓာတ်ငွေ့ရည်တင်ရေယာဉ်နှစ်စင်းလွန်းတင်ပြင်ဆင်နေမှု အခြေအနေ၊ ရေယာဉ်များ ဆက်လက်လွန်းတင်နိုင်မှုအခြေအနေနှင့် လှိုင်မြစ်ကမ်းဘေးတွင် အမာခံလွင်ပြင်လွန်းကျင်း ဖော်ထုတ်လုပ်ကိုင်နိုင်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လွန်းတင်ရေယာဉ်များအား စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်အချိန်မီ လွန်းဆင်းနိုင်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် စဉ်ဆက်မပြတ်လေ့ကျင့်ပေးနေရန်၊ ဝန်ထမ်းများ၏ ကျန်းမာရေးအသိပညာတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြုပြင်ရေးအလုပ်ရုံအနီးရှိ အမာခံလွင်ပြင်လွန်းကျင်းတွင် ဆောင်ရွက်လျက်ရှိသော ၇၆ မီတာ အထွေထွေကုန်တင်ကမ်းထိုးရေယာဉ် တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် ပေ ၁၉၀ ကမ်းရိုးတန်းသွားရေယာဉ်၏ စက်မကြီးတပ်ဆင်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရေယာဉ်တည်ဆောက်ပြုပြင်ရာတွင် ကြံ့ခိုင်မှုကောင်းမွန်စေရေးအတွက် ရေးဆွဲထားသည့် ရေယာဉ်ဒီဇိုင်းနှင့်အညီ ဆောင်ရွက်ရန်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆေးကြပ်မတ်ရန်၊ အရည်အသွေးစစ်ဆေးခြင်းအား အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြုပြင်ရေးအလုပ်ရုံတွင် ဖွင့်လှစ်ထားရှိသည့် ဂဟေလေ့ကျင့်ရေးသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်၊ သင်တန်းပြီးဆုံးသည့်အချိန်တွင် အရည်အချင်းစိစစ်အကဲဖြတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် ပြောကြားသည်။
ဆက်လက်၍ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက စက်ဆန်းသင်္ဘောကျင်းဆိုင်ရာ အချက်အလက်များ၊ ရေယာဉ်များ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဝင်ငွေရရှိမှုအခြေအနေများ၊ သင်္ဘောကျင်းတွင် လွန်းတင်ပြုပြင်လျက်ရှိသည့် မာန်အောင် (၃) တွန်းဆွဲရေယာဉ်၏ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေယာဉ်များ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ရေယာဉ်ဒီဇိုင်း (Design)၊ ကျွမ်းကျင်လုပ်သား (Workmanship) နှင့် အသုံးပြုသည့်ပစ္စည်း (Material) များ စံချိန်စံညွှန်းပြည့်မီစွာ စနစ်တကျတည်ဆောက်ပြုပြင်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လိုအပ်သည့် စစ်ဆေးကြပ်မတ်မှုများကို အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဌာနနှင့် နိုင်ငံတော်ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ဈေးကွက်ရှာဖွေ၍ ဆောင်ရွက်သွားရန် ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လွန်းတင်ပြုပြင်လျက်ရှိသည့် မာန်အောင် (၃) တွန်းဆွဲရေယာဉ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Posted on May 5, 2026ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026
