ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်ပရိဝုဏ်အတွင်းရှိဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်ပရိဝုဏ်အတွင်းရှိဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / May 10, 2026
နေပြည်တော် မေ ၉
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက် အင်တိုင်းသာကျောင်းတိုက်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းအတွင်း၌ သာသနာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် အင်တိုင်းသာကျောင်းတိုက် ပဓာနနာယကဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
သတင်းထုတ်ပြန်ချက်
Posted on May 11, 2026
