ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း မန္တလေးမြို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပနေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း မန္တလေးမြို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပနေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / May 10, 2026
image_latest


နေပြည်တော် မေ ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများနှင့် သတင်းစာရိုက်နှိပ်ထုတ်ဝေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်​ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ်တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စစ်ကိုင်းတောင်ပေါ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၌ ရုပ်မြင်လွှင့်စက်များဖြင့် ရုပ်သံထပ်ဆင့်ထုတ်လွှင့်နေမှုနှင့် FM လိုင်းများ ထုတ်လွှင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်သူများအသိပညာတိုးပွားရေးနှင့် စိတ်လက်အပန်းဖြေစေရေးအတွက် အစီအစဉ်ကောင်းများ ရိုက်ကူးထုတ်လွှင့်သွားရန်နှင့် ပြည်သူကို အကောင်းဆုံးအရည်အသွေးဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားသည်။ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများမှတစ်ဆင့် မှန်ကန်တိကျသော သတင်းအချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် လက်တွေ့ကျသော အချက်အလက်များကို မီဒီယာမှတစ်ဆင့် သိရှိနိုင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စာပေပိုမိုဖတ်ရှုလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ကြိုးစားသွားကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများအား စား​သောက်ဖွယ်ရာများနှင့် ချီးမြှင့်​ငွေများ ​ပေးအပ်သည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မန္တလေးဗျူရိုသတင်း Studio ခန်း၌ သတင်းအစီအစဉ်များ ရိုက်ကူးတင်ဆက် ထုတ်လွှင့်မှု၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (မန္တလေး) ပုံနှိပ်စက်ခန်း၌ နေ့စဉ်ထုတ်သတင်းစာများ ရိုက်နှိပ်ထုတ်ဝေဖြန့်ချိမှုနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံး Community Center တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မန္တလေးမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026