ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တရုတ်နိုင်ငံမှပေးပို့လှူဒါန်းသည့် ကွန်တိန်နာ Prefabricated House များရောက်ရှိမှုနှင့် ငလျင်ဒဏ်သင့်ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ပို့ဆောင်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တရုတ်နိုင်ငံမှပေးပို့လှူဒါန်းသည့် ကွန်တိန်နာ Prefabricated House များရောက်ရှိမှုနှင့် ငလျင်ဒဏ်သင့်ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ပို့ဆောင်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 11, 2026
နေပြည်တော် မေ ၁၀
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့သည် ယမန်နေ့ ညနေ ၄ နာရီက နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဒဏ်သင့်ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့လှူဒါန်းသည့် ကွန်တိန်နာ Prefabricated House များ တင်ဆောင်လာသော ကုန်ရထား နေပြည်တော် ရွာတော်ဘူတာသို့ရောက်ရှိမှုနှင့် ကုန်ရထားပေါ်မှတစ်ဆင့် ပို့ဆောင်မည့်ယာဉ်များပေါ်သို့ တင်ချဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ရွာတော်ဘူတာသို့ ရောက်ရှိလာသော ကွန်တိန်နာ ၁၉၂ လုံးကို နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်ရှိ ငလျင်ဒဏ်သင့် ဘုန်းကြီးကျောင်း ၁၂၁ ကျောင်းနှင့် သီလရှင်ကျောင်းတစ်ကျောင်းတို့အတွက် ဆက်လက်ပို့ဆောင်လှူဒါန်းလျက်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ကွန်တိန်နာ Prefabricated House များ ပေးပို့လှူဒါန်းနိုင်ရေး ပို့ဆောင်ရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
သတင်းထုတ်ပြန်ချက်
Posted on May 11, 2026ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Posted on May 8, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 7, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
