ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပဲမျိုးစုံနှင့် နှမ်းသန့်စင်စက်ရုံများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပဲမျိုးစုံနှင့် နှမ်းသန့်စင်စက်ရုံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 17, 2026
နေပြည်တော် မေ ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေအားမာန်မြန်မာကုမ္ပဏီ လီမိတက်၏ ပဲ၊ နှမ်းသန့်စင်စက်ရုံ၌ ကုန်ကြမ်းလက်ခံသိုလှောင်ထားရှိမှု၊ သန့်စင်မှုနှင့် ထုတ်လုပ်မှုအဆင့်ဆင့်၊ ထုပ်ပိုးမှုနှင့်စက်ကိရိယာများ အသုံးပြုမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပဲ၊ နှမ်းများအားသန့်စင်ရာတွင် အရည်အသွေးစံနှုန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်၊ အညစ်အကြေးနှင့် ပိုးမွှားကင်းစင်စေရေးအထူးဂရုပြုရန်၊ စက်ရုံများအနေဖြင့် ပြည်ပဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် အရည်အသွေးမြင့် ပဲမျိုးစုံ၊ နှမ်းထုတ်လုပ်၍ ပြည်ပသို့ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် အမရပူရမြို့နယ်ရှိ အစိမ်းရောင်ကုမ္ပဏီလီမိတက်၏ နှမ်းသန့်စင်စက်ရုံ၌ နှမ်းများသန့်စင်ခြင်း၊ အရွယ်အစားရွေးခြင်း၊ အရောင်ခွဲခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းစဉ်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးမှုဖူလုံစေရေးဆောင်ရွက်ရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန် (Value Added) ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
