ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း လူငယ်တွေ့ဆုံပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း လူငယ်တွေ့ဆုံပွဲ တက်ရောက်
Ministry of Information/ Naypyitaw / June 01, 2026
မော်လမြိုင် မေ ၃၁
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များကိုယ်စား ဒေါက်တာ အောင်မြတ်သူက ယာယီဖွင့်လှစ်ပေးထားသော မွန်ပြည်နယ်လူငယ်စင်တာ အဆောက်အအုံတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မော်လမြိုင်တက္ကသိုလ်အတွက် ငွေကျပ် ၁၅၁၅၀၀၀ တန်ဖိုးရှိ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လူငယ်စင်တာအဆောက်အအုံတည်ဆောက်မည့် လျာထားမြေနေရာ၊ မွန်ပြည်နယ် လူငယ်စင်တာ ယာယီဖွင့်လှစ်မည့် ကျောင်းသားအားကစားကွင်းရှိ သုံးထပ်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Jun 1, 2026စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...
Posted on May 29, 2026ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
Posted on May 29, 2026ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
