ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ
Ministry of Hotels, Tourism and Culture/ နေပြည်တော် / June 08, 2026
ပုဂံ ဇွန် ၆
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပြခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI) အဖွဲ့မှ ပညာရှင်များ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် မီးငြိမ်းကုန်းဂူဘုရား၊ မဟာဗောဓိဂူဘုရားနှင့် နတ်လျောင်း ကျောင်းကိုလည်းကောင်း၊ နိုင်ငံပိုင်ပုဂံသံတဲဟိုတယ်နှင့် တရုတ်-မြန်မာချစ်ကြည်ရေး ပြန်လည်ပြုပြင် ထိန်းသိမ်းရေးစီမံကိန်းဆောင်ရွက်နေသည့် သဗ္ဗညုဂူဘုရားကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ငကျွဲနားဋောင်းဘုရား အုတ်မြစ်တူးဖော် သုတေသနလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုလုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kye Mon
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Posted on May 26, 2026
