ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နှင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နှင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ


Ministry of Information/ Naypyitaw / December 14, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နှင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

ဦးစွာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက Online လိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်နှင့် မူဆယ်ဒေသ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၊ KK Park နှင့် ကျောက်ခက်ဒေသများတွင် အစိုးရအနေဖြင့် တိုက်ဖျက်နှိမ်နင်းဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ Online လိမ်လည်လောင်းကစားသည့် လုပ်ငန်းများသည် မြန်မာနိုင်ငံမှ စတင်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ မီဒီယာများမှတစ်ဆင့် အကြိမ်ကြိမ် ရှင်းလင်းတင်ပြခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသရှိ သောင်းကျန်းသူအဖွဲ့အစည်းများကြီးစိုးသည့် နယ်မြေများတွင် အခြေချပြီး Online လိမ်လည်လောင်းကစားလုပ်ငန်းများအား တရားမဝင်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားလုပ်ငန်းများအား ခွင့်ပြုထားခြင်း လက်ခံထားခြင်းမရှိဘဲ နှိမ်နင်းရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့်တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့မှုနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှု၊ အချို့သော EAO အဖွဲ့များက အကြမ်းဖက်ဆူပူသူများအား လက်နက်နှင့် စစ်ပညာထောက်ပံ့ပြီး နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ဆောင်ရွက်ခဲ့မှုတို့အပေါ် အခွင့်ကောင်းယူပြီး၊ လုံခြုံရေးအခြေအနေယိုယွင်းလာမှုအပေါ် အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုနေရာများ ပိုမိုများပြားလာသည့် အခြေအနေများ၊ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ Online လိမ်လည်လောင်းကစားမှုအပါအဝင် အခြားသောတရားမဝင်လုပ်ငန်းများလုပ်ဆောင်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများအား တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ Task Force ဖွဲ့စည်း၍ ပူးပေါင်းနှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ပြီး Online လိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့သည့်အခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများဆောင်ရွက်ပြီး တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် အခြေအနေများ၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရန် အဓမ္မစေခိုင်းသည့်ဖြစ်စဉ်များအား သုံးနိုင်ငံနားလည်မှုရှိရှိ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု(Trilateral Cooperation)ပုံစံ ထိထိရောက်ရောက် ပူးပေါင်းနှိမ်နင်းလျက်ရှိသည့်အခြေအနေများ၊ မြဝတီဒေသ၌ Online လိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် ဒုစရိုက်လုပ်ငန်းများ ပြန်လည်အခြေမချနိုင်စေရန် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အဦများအား အပြီးတိုင်ဖြိုချဖျက်ဆီး ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်မှု (Online Scam) Online လောင်းကစားမှု(Online Gambling) များအပေါ် ဆက်လက်လုပ်ဆောင်သွားမည့် မူဝါဒနှင့် နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲ ဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးနှိမ်နင်ရေးဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပ သတင်းဌာနမှ သတင်းထောက်များ တက်ရောက် သတင်းရယူခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။