ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်

ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်


Ministry of Information/ Naypyitaw / September 08, 2025
image_latest


PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီးဖြစ်သည်။

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည် မဲစာရင်းမှားယွင်းမှုများအတွက် အောက်ပါ တို့ကိုဆောင်ရွက်ပေးရန် မေတ္တာရပ်ခံတောင်းဆိုမှုများအပေါ် ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အတင်းအဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုပင်ဖြစ်သည်-

(က) မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်း၊

(ခ) ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးအားခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်း၊

( ဂ ) နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း၊

(ဃ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိခြင်း။

ထိုသို့လုပ်ဆောင်မှုများသည် မဲမသမာမှုများရှိခဲ့၍သာ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းမရှိသည်ကို ပေါ်လွင်စေခဲ့သည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုတွင် ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်အရမဟုတ်သည့် ပုဂ္ဂလိကပြစ်မှုကျူးလွန်မှုများရှိခဲ့၍ အရေးယူခံရသည့် အချိန်လည်းဖြစ်ခဲ့သည်။ ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတက အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် မဲမသမာမှုများကို စိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့သည်ကို ပြည်တွင်းပြည်ပက အထင်အမြင်လွဲမှားအောင် တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင် ဝါဒမှိုင်းတိုက်ကာ ၎င်းတို့သာ ရွေးကောက်ခံအစိုးအရအဖြစ်ပုံဖော်လျက် CRPH, NUG တို့ကို တရားမဝင်ဖွဲ့စည်းခဲ့ကြပြီး ပြည်သူလူထုနှင့် လူငယ်လူရွယ်များကို လွဲမှားသည့် မျှော်လင့်ချက်များပေးကာ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့သည်။ CRPH, NUG တို့သည် PDF အမည်ခံအဖွဲ့များကို ဖွဲ့စည်းကာ လက်နက်၊ခဲယမ်းရရှိရေးအတွက် အချို့သော EAO များ လက်အောက်သို့ သွတ်သွင်းခဲ့ပြီး အချို့သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ်အသုံးပြုစေကာ PDF တို့၏ ဘဝ များကို စတေးခဲ့သည်။

ယခုအခါ နိုင်ငံတော်အစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် အချို့သောအကြမ်းဖက် EAO တို့သည် ရပ်တည်ရန်ခက်ခဲလာကြပြီး PDF အမည်ခံတို့သည်လည်း ပိုမိုအတိဒုက္ခရောက်လာကြရသည်။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ကြရန် အချိန်တန်ပြီဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအပြင် PDF များသည်ပင် လိုလားကြပြီး ရည်မှန်းချက်ချင်း တူညီကြသည်။ ဒီမိုကရေစီမျက်နှာဖုံးတပ်ပြီး နိုင်ငံတော်အာဏာကို မက်မောကြသည့် CRPH, NUG တို့၏ လိုလားချက်မှာ ၎င်းတို့သာရွေးကောက်ခံအစိုးရဆိုသည့် ရပ်တည်မှုမပျောက်ဆုံးရေးအတွက် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေခြင်း ဖြစ်သည်။ ၎င်းတို့၏နှောင့်ယှက်မှုများကြောင့်သာ ဒီမိုကရေစီခရီးလမ်းနှောင့်နှေးကြန့်ကြာ နေရခြင်းဖြစ်သည်။

PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြီးအလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပြီး တစ်ဦး ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း ထပ်မံဖိတ်ခေါ်အပ်ပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 10, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Sep 08, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 07, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Sep 06, 2025
AnnouncementsExplore more >

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

Posted on Sep 9, 2025

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 9, 2025

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,