ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် သိပ္ပံပွဲခင်း ကျင်းပနိုင်ရေးနှင့် ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံ ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် သိပ္ပံပွဲခင်း ကျင်းပနိုင်ရေးနှင့် ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံ ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / December 19, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၈

ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ကျင်းပနိုင်ရေး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့သည့် သိပ္ပံပွဲခင်းကို ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ မကျင်းပနိုင်တော့ပါကြောင်း၊ သိပ္ပံပွဲခင်းကို စည်ကားသိုက်မြိုက်စွာ ပြန်လည်အသက် သွင်းကျင်းပနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံနှင့် သိပ္ပံပွဲခင်းကို စည်ကားသိုက်မြိုက်စေရန် ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဌာနများအနေဖြင့် သိပ္ပံပွဲခင်းကျင်းပရာတွင် ဘာသာရပ်ဆိုင်ရာ ဌာနများအလိုက် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြစေလိုပါကြောင်းနှင့် ပြခန်းများကို အကောင်းဆုံးပြသနိုင်ရေး ပြင်ဆင်ထားကြရန် တိုက်တွန်းလိုပါကြောင်း။

 IR ဌာနအနေဖြင့် သိပ္ပံပွဲခင်းတွင် နိုင်ငံတကာသံရုံးများနှင့်ချိတ်ဆက်၍ ယဉ်ကျေးမှုဖလှယ်ပွဲများ ပါဝင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊ ဒေသဆိုင်ရာလေ့လာမှုသုတေသနစင်တာ (Area Studies Research Center) တစ်ခုတည်ထောင်ရန် လိုအပ်ပါကြောင်း၊ ယင်းစင်တာကို တည်ထောင်ခြင်းဖြင့် သိပ္ပံဘာသာရပ်များတွင် သုတေသီများ (researcher) မွေးထုတ်ပေးနိုင်သကဲ့သို့ လူမှုသိပ္ပံနှင့် သက်ဆိုင်သော (area study) တစ်ခုကို လုပ်နိုင်မည့် researcher များကိုလည်း မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ Job Ready Skill သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဘာသာရပ်ဆိုင်ရာများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြစေလိုပါကြောင်း၊ သိပ္ပံပွဲခင်းနှင့် ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ပါမောက္ခ (ဌာနမှူး) များက သိပ္ပံပြပွဲကျင်းပနိုင်ရေးနှင့် သင်တန်းများ ဖွင့်လှစ်နိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဆရာ ဆရာမကြီးများနှင့်တွေ့ဆုံ၍ ဝိဇ္ဇာသိပ္ပံ သုတေသနညီလာခံကျင်းပနိုင်ရေး ဆွေးနွေးရာတွင် ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံနှင့် သိပ္ပံပွဲခင်းကို ပူးပေါင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပါမောက္ခ (ဌာနမှူး) များအနေဖြင့် စာတမ်းများ အချိန်မီရရှိနိုင်ရေး တွန်းအားပေးထားရှိစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် ထည့်သွင်းသွားရန် စီစဉ်ထားရှိပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံကျင်းပရေး ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။