ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု ဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Ministry of Information/ Naypyitaw / January 30, 2026
နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ထဲရေးဝန်ကြီးဌာနမိသားစုဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၈) ၌ ကျင်းပသည်။
ထမနဲပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/ အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လ ရာသီပွဲတော်များ၌ စုပေါင်းအားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးမြတ်သော ရိုးရာပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာတို့၏ ရှေးထုံးတမ်းအစဉ်အလာရိုးရာပွဲတော်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် အချင်းချင်းရိုင်းပင်းကူညီစိတ်၊ စိတ်ဓာတ်များ ရှင်သန်စေရန်အတွက် ရည်ရွယ်ကျင်းပပေးခြင်း ပူးပေါင်းဆောင်ရွက်တတ်သည့်ဖြစ်ကြောင်း မှာကြားသည်။
အဆိုပါမြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်ဇနီး ဦးဆောင်သောအဖွဲ့က ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်အသင်းများက အားကြိုးမာန်တက်ယှဉ်ပြိုင်၍ ဝန်ထမ်းများကလည်း ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာအားပေးကြသည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲ၌ ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
