ပြည်နယ်အလှကို ပြန်လည်ထိန်းသိမ်း အကြမ်းဖက်အန္တရာယ်အပြီးတိုင်ဖယ်ရှား

ပြည်နယ်အလှကို ပြန်လည်ထိန်းသိမ်း အကြမ်းဖက်အန္တရာယ်အပြီးတိုင်ဖယ်ရှား


Ministry of Information/ Naypyitaw / April 28, 2026
image_latest


တောင်ဇလပ်ပန်းတို့ပွင့်လန်းရာ၊ အောက်ချင်းငှက်တို့ပျော်စံရာ ချင်းပြည်နယ်သည် သာယာလှပသော ပြည်နယ်တစ်ခုဖြစ်သည်။ သာယာလှပသော ပြည်နယ် တစ်ခုဖြစ်သော်လည်း တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးဖြစ်နေသည်။ ထို့ကြောင့် အစိုးရအဆက်ဆက်တို့က ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးခဲ့သည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများလက်ချက်ကြောင့် ပြည်နယ်၏ လှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့သည်။

ချင်းပြည်နယ်၏မြို့တော်သည် ဟားခါးဖြစ်ပြီး ဒုတိယမြို့တော်သည် ဖလမ်းဖြစ်သည်။ ဖလမ်းမြို့သည် ခရိုင်ရုံး၊ မြို့နယ်ရုံးများရုံးစိုက်ရာ တောင်ပေါ်မြို့ဖြစ်ပြီး မြောက်ဘက်တွင် တီးတိန်မြို့နှင့် တောင်ဘက်တွင် မြို့တော်ဟားခါးရှိသည်။ ဖလမ်းမြို့အနီးရှိ ဆူရ်ဘုန်တောင်တွင် လေယာဉ်ကွင်းရှိပြီး ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်အဖြစ် တည်ဆောက်ပေးထားသည်။ ဖလမ်းမြို့မှတစ်ဆင့် ကလေးမြို့သို့လည်းကောင်း၊ ဖလမ်း-ဟားခါးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့သို့လည်းကောင်း သွားလာနိုင်ကာ အချက်အချာကျပြီး နယ်မြေအေးချမ်း သာယာသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။

ထိုသို့အေးချမ်းသာယာသော တောင်ပေါ်ဒေသတွင် ရိုးသားစွာနေထိုင်လုပ်ကိုင် စားသောက်နေကြသည့် တိုင်းရင်းသားပြည်သူများအား CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့၏ သွေးထိုးမြှောက်ပင့်ပေးမှုနှင့်အတူ ဒီမိုကရေစီရေးနှင့် ဒေသကောင်းစားရေးဟု မက်လုံးများပေး၍ စည်းရုံးသိမ်းသွင်းကာ အကြမ်းဖက်သင်တန်းပေးပြီး အကြမ်းဖက်သမားများ မွေးထုတ်ပေးခဲ့သည်။ အကြမ်းဖက်သမားများသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကိုဖျက်ဆီးပြီး အစိုးရအုပ်ချုပ်ရေးယန္တရားပျက်စီးစေကာ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးစေရန် ဆောင်ရွက်ခဲ့သည်။ ချင်းညီနောင်စစ်ဆင်ရေးအမည်ဖြင့် မြို့ရွာများတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ကြသည်။

ချင်းပြည်နယ်၏ ဒုတိယမြို့တော် ဖလမ်းမြို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေခံတပ်ရင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျည်တစ်တောင့်၊ လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ လှေခွက်ချည်းကျန်အလံမလှဲသည့် စိတ်ဓာတ်များဖြင့် အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ပြန်လည်ခုခံ တွန်းလှန်ခဲ့ကြသည်။ အကြမ်းဖက်သမားများအနေဖြင့် သာလွန်အင်အားအသုံးပြု၍ ဒေသခံတိုင်းရင်းသားပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးချတိုက်ခိုက်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့် အများပြည်သူပိုင်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း ခုခံခဲ့ကြသည်။

စစ်ဆင်ရေးကာလခြောက်လအကြာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု များပြားလာသောကြောင့် စစ်နည်းဗျူဟာမြောက် ကြားခံစစ်အဆင့်ဆင့်ဖြင့် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့တွင် စနစ်တကျဆုတ်ခွာခဲ့ရသဖြင့် အကြမ်းဖက်သောင်းကျန်းသူများက ဖလမ်းမြို့ကို ယာယီစိုးမိုးခဲ့ကြသည်။ တပ်မတော်စစ်ကြောင်းများသည် ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့ကို အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိနိုင်ရေးနှင့် CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် မြေပြင်/ဝေဟင် ဟန်ချက်ညီပေါင်းစပ်စုဖွဲ့၍ နယ်မြေရှင်းလင်းခြင်းများစတင်ခဲ့သည်။ တန်ပြန်တိုက်စစ်များ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူထိုးဖောက်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ ဧပြီလ ၂၄ ရက်အတွင်း ကျေးရွာ၊ စခန်း၊ တောင်ကုန်း၊ လေယာဉ်ကွင်းအသီးသီးတို့ကို တစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီ ၂၅ ရက်နေ့တွင် ဖလမ်းမြို့ကို တပ်မတော်စစ်ကြောင်းများက အပြီးတိုင်သိမ်းပိုက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထိုသို့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေရပ်ဇာတိအိုးအိမ်နေရာများ၌ စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်လိုသည့်ဆန္ဒ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ အန္တရာယ်ပြုမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ ထိတ်လန့်ကြောက်ရွံ့နေရသည့်ဘေးမှကင်းဝေးပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝအတွက် အေးချမ်းစွာ ရှာဖွေလုပ်ကိုင်စားသောက်လိုသည့် ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ချင်းပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ လုံးဝကင်းစင်သွားအောင် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ သာယာလှပပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်သည့် ချင်းပြည်နယ်၏ ဒုတိယမြို့တော် ဖလမ်းဒေသကို CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အန္တရာယ်ပြုဖျက်ဆီးခဲ့မှုများကို တပ်မတော်စစ်ကြောင်းများက အပြီးတိုင်ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ရာ သာယာလှပသော ပြည်နယ်အလှကို ထာဝရထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။        ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Posted on Apr 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Posted on Apr 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။