ပြည်သူများသို့ အသိပေးကြေညာချက်
ပြည်သူများသို့ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / November 15, 2024
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး (ဟစ်တိုင်) ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့် ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃) ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင် အံ့မှူးပါ (၁၁) ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ (၅) ဦးအား မြဝတီမြို့မရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော်အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင်လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ရပါသည်။
သို့ဖြစ်ပါ၍ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူအမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ်ရယူလိုသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများတွင် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လူကိုယ်တိုင်သွားရောက်၍ အခကြေးငွေကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာအခက်အခဲများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/eIDDept မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Posted on Nov 14, 2024
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 13, 2024
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။
Posted on Nov 11, 2024
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 10, 2024
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ၏ ထုတ်ကုန်များအား ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းအသိပေးကြေငြာခြင်း
Posted on Nov 14, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၄/၂၀၂၄)
Posted on Nov 14, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၄/၂၀၂၄)
ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်မှု အသိပေးကြေညာခြင်း
Posted on Nov 14, 2024၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိသည်။