ပြည်သူများ၏ ထောက်ခံမှုရရှိရေး ပြည်သူကို မှန်ကန်စွာစည်းရုံး

ပြည်သူများ၏ ထောက်ခံမှုရရှိရေး ပြည်သူကို မှန်ကန်စွာစည်းရုံး


Ministry of Information/ Naypyitaw / February 16, 2026
image_latest


၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်ရှိသည့်အနက် ၁၃ ဒသမ ၁၄ သန်းကျော်တို့က လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခွင့်ရှိသူအရေအတွက်၏ ထက်ဝက်ကျော်ဖြစ်၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိသည်။ ယခုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ကြရသည်။ ရွေးကောက်ပွဲကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သလို ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါကလည်း တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ ၆ ခုရှိရာ မဲစာရင်းရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီက ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၆ ဒသမ ၁၇ ရာခိုင်နှုန်း မဲရရှိခဲ့ကြသည်။ အဆိုပါ မဲစာရင်းရလဒ်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးပါတီများသည် ရေရှည် တွင် ပြည်သူများ၏ထောက်ခံမှုကို ပိုမိုရရှိနိုင်ရန်အတွက် ပါတီဝင်စည်းရုံးမှု၊ ပြည်သူလူထုနှင့် ထိတွေ့မှုတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်ကြောင်း သိရှိနိုင်ကြမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ရာ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း စသောအကြောင်းများကြောင့် ချန်လှပ်ထားခဲ့ရသည့် မဲဆန္ဒနယ်များကျန်ရှိလျက်ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သော မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်မဆုံးရှုံးစေရေးတို့အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပသွားရမည်ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ဆက်ရန်ကျန်နေသည့် ခရီးအတွက် အသင့်ပြင်ဆင်ထားကြ ရဦးမည်ဖြစ်သည်။

နိုင်ငံရေးပါတီများဟူသည် ဒီမိုကရေစီစနစ်၏ မရှိမဖြစ် အစိတ်အပိုင်းများပင်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဆောင်ရွက်ရန်မစွမ်းနိုင်သည့် အရေးအရာကိစ္စများကို ပြည်သူများ၏ကိုယ်စား နိုင်ငံရေးပါတီများက စွမ်းဆောင်ပေးကြရခြင်း ဖြစ်သည့်အလျောက် ပါတီအရေးနှင့် ပြည်သူ့အရေးယှဉ်လာလျှင် ပြည်သူ့အရေးကို ဦးစားပေးကြရမြဲဖြစ်သည်။ တစ်ခါတစ်ရံ ပါတီအတွက်စည်းရုံးခြင်း၊ မဲဆွယ်ခြင်းတို့ပြုလုပ်ရာတွင် မှန်ကန်သည့်အတွေးအခေါ်၊ မှန်ကန်သည့်နည်းလမ်းများဖြင့်သာ ပြည်သူကို စည်းရုံးကြရမည်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအသိုက်အဝန်းများအတွင်း ကွဲပြားခြားနားမှုများ၊ ပဋိပက္ခများဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်စည်းရုံးမှုမျိုးဖြင့် ဆင်ခြင်ဉာဏ်နည်းပါးစွာ မစည်းရုံးမိဖို့လိုသည်။ မိမိတို့၏ စည်းရုံးရေးနယ်မြေအတွင်း ပကတိတည်ရှိနေသည့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအခြေအနေ၊ အဆင့်အတန်းတို့ကို မှန်ကန်စွာသိမြင်ကာ အခြေအနေနှင့်ကိုက်ညီသည့် မူဝါဒကို ပြည်သူလူထုမှန်မှန်ကန်ကန် သဘောပေါက်လက်ခံလာစေ ရန် စည်းရုံးသိမ်းသွင်းကြရမည်ဖြစ်သည်။

လက်ရှိမိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာကို ထိပါးစေသည့် ပြည်တွင်းပြည်ပအန္တရာယ်များကို ရှင်းလင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ လက်နက်ကိုင်ပဋိပက္ခများမှ ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး၊ ပြည်သူလူထုအတွင်း လူမှုစီးပွားဘဝမြှင့်တင်ပေးရေး၊ အမျိုးသားပညာရေးမြှင့်တင်ရေး၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး စသည်တို့အပါအဝင် ရေတိုရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ အများအပြားရှိနေသည်။ အများစုသောပြည်သူလူထုကြီး၏ လိုလား ချက်မှာလည်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်သွားလာမှုများ လုံခြုံချောမွေ့ရေး၊ စီးပွားရှာဖွေလုပ်ကိုင်မှုများ အဆင်ပြေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေး စသည်တို့ပင်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ ပကတိအခြေအနေနှင့် တစ်သားတည်း ကိုက်ညီသောမူဝါဒများချမှတ်၍ ပြည်သူကိုမှန်ကန်စွာ စည်းရုံးကာ နိုင်ငံနှင့်ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း