ပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေး အာရုံစိုက်၍ အလေးထားဆောင်ရွက်

ပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေး အာရုံစိုက်၍ အလေးထားဆောင်ရွက်


Ministry of Information/ Naypyitaw / September 14, 2025
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံသူ နိုင်ငံသားများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချပေးနိုင်ရေးအာရုံစိုက်၍ အလေးထားဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကို ကောင်းမွန်တိုးတက်အောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်ဖြစ်၍ ရည်မှန်းချက်များအောင်မြင်စေရေး အစိုးရက ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အရေးကြီးသည့် နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း သမားရိုးကျဆောင်ရွက်ခြင်းနည်းစနစ်မှ နိုင်ငံတကာမှ တိုးတက်မြင့်မားသည့် နည်းပညာများကို အတုယူ လေ့လာ၍ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောအရင်းအနှီးနှင့် နည်းပညာများကို နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီသွားရန်အသင့်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအတွက် စက်မှုကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး ရင်းနှီးမြှုပ်နှံရန်လိုအပ်သည့် ငွေကြေးများကို နိုင်ငံတော်က ထုတ်ချေးပေးသွားမည်ဟု သိရသည်။

ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ထွန်းကားလာစေရေး နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်အကောင်အထည် ဖော်ပေးလျက်ရှိသည်။ အနည်းဆုံး အလယ်တန်းအဆင့်အထိ တက်ရောက်အောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုပြီး ထိုမှတစ်ဆင့် ဆက်လက်တက်ရောက်နိုင်ရန် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်း ဖွင့်လှစ်ပေးထားသကဲ့သို့ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုတက္ကသိုလ်၊ ကောလိပ်များကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သို့မှသာ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ လူသားအရင်းအမြစ်များ ရရှိလာမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ကျောင်းသားအများစုသည် အစိုးရကျောင်းများတွင် ပညာသင်ကြားကြသူများဖြစ်ရာ ဆရာဆရာမ အရည်အချင်းနှင့် အရေအတွက် ပြည့်မီရေး၊ ကျောင်းများ အဆင့်မြှင့်တင်ရေးတို့ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အပြည့်အဝပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည့်အပြင် ကျောင်းများ၏ ဥပဓိရုပ်များ ကောင်းမွန်စေရေးအတွက်လည်း သတ်မှတ်ထားသည့်အဆင့်နှင့် လျော်ညီသည့် အင်္ဂါရပ်များပြည့်စုံသော ကျောင်းများဖြစ်လာအောင် နိုင်ငံတော်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ အလုပ်လက်မဲ့လျော့ပါးရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း ရွှေ့ပြောင်းလုပ်ကိုင်မှုများနှင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေမှုများပြားလာရာ အခက်အခဲဒုက္ခမျိုးစုံ ကြုံတွေ့နေသည်ဟု သိရသည်။ ထို့ကြောင့် နိုင်ငံသူနိုင်ငံသားများအားလုံး နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဟု နိုင်ငံတော်အကြီးအကဲက တိုက်တွန်းထားသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတွင် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများသည် အဓိကကျသော အဟန့်အတားအနှောင့်အယှက်များဖြစ်၍ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်ကြ ရမည်ဖြစ်သည်။

သို့ဖြစ်ရာ အရေးကြီးသည်မှာ နိုင်ငံ၏စီးပွားရေး တိုးတက်လာရေးဖြစ်ပြီး နိုင်ငံတော်ကို ကောင်းမွန်သည့်ရည်မှန်းချက်များဖြင့် အောင်မြင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံသူနိုင်ငံသားများအားလုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချပေးနိုင်ရေးတို့ကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က အာရုံစိုက်၍ အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 10, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Sep 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

Posted on Sep 13, 2025

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 12, 2025

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း