ပြည်သူလူထုလူမှုစီးပွားလုံခြုံစိတ်ချဖို့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်စို့

ပြည်သူလူထုလူမှုစီးပွားလုံခြုံစိတ်ချဖို့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်စို့


Ministry of Information/ Naypyitaw / December 18, 2025
image_latest


အွန်လိုင်းလိမ်လည်မှု(Online Scam) အွန်လိုင်းလောင်းကစားမှု(Online Gambling)သည် ကမ္ဘာအနှံ့တွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံများ၏ လူမှုစီးပွားဘဝများကို ခြိမ်းခြောက်လျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုသည် လူအများစုအပေါ် ကျူးလွန်သည့် ကြီးလေးသောရာဇဝတ်မှုများဖြစ်သည်ဟု မြန်မာနိုင်ငံအစိုးရအနေဖြင့် သတ်မှတ်ထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရ၏မူဝါဒသည် Zero Tolerance Policy ဖြစ်သည်။ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ ခွင့်လွှတ်မှုမရှိ ရေဆုံးရေဖျားလိုက်၍ နှိမ်နင်းချေမှုန်းသွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုဂိုဏ်းများကို အမြစ်ပါမကျန် ချေမှုန်းရှင်းလင်းလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့ကိုဆောင်ရွက်ရန် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို ၁၀-၁၂-၂၀၂၅ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုလုံခြုံမှုရှိရေးသည် မြန်မာနိုင်ငံအစိုးရ၏ အဓိကတာဝန်ဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည့်ကိစ္စအဖြစ် မြန်မာနိုင်ငံအစိုးရကရှုမြင်သည်။ အဆိုပါဒုစရိုက်မှုသည် အစိုးရအပေါ် လူထု၏ယုံကြည်မှုကို ထိခိုက်စေသည်။ စီးပွားရေးလုံခြုံမှုကို ပျက်ပြားစေသည်။ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေသည်။ တိုင်းပြည်၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေသည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများကို မြန်မာနိုင်ငံသားများက ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း တရားမဝင်လာရောက်နေထိုင်ကြပြီး အွန်လိုင်းလိမ်လည်မှုကို ဦးဆောင်လုပ်ကိုင်ခဲ့သည့် နိုင်ငံခြားသားများ၊ အချို့သော EAO များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဝိသမစီးပွားရေးသမားများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

၎င်းတို့ကြောင့် ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)၊ ကရင်ပြည်နယ်အချို့ဒေသများတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး များစွာထိခိုက်ခဲ့ရသည်။ နိုင်ငံတကာတွင် တိုင်းပြည်၏ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများသည် အွန်လိုင်းလိမ်လည်မှုနှင့်ရာဇဝတ်မှုများ၏ ဆိုးကျိုးများကို ပြင်းထန်စွာခံစားရသဖြင့် နိုင်ငံတကာက မနှစ်မြို့သည်ထက် မြန်မာနိုင်ငံက ပိုမိုစက်ဆုပ်ရွံရှာပြီး ၎င်းရာဇဝတ်မှုများသည် လူအများစုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ အွန်လိုင်းလိမ်လည်ရာဇဝတ်မှုများ ကျူးလွန်ကြသူများအနေဖြင့် ဒုတိယအကြိမ် အခွင့်အရေးမရှိ၊ ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝအကာအကွယ်ပေးသွားမည်မဟုတ်ဘဲ အစိုးရအနေဖြင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အွန်လိုင်းလိမ်လည်ရာဇဝတ်မှုများသည် တည်ငြိမ်အေးချမ်းမှုအားနည်းသည့်၊ လက်လှမ်းမမီသည့် နယ်စပ်ဒေသများတွင် အဖြစ်များပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုပုံစံ၊ နိုင်ငံပေါင်းစုံမှ မသမာသူများပါဝင်ဆောင်ရွက်သည့် ပုံစံဖြစ်သဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြား တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် Task များ၊ Cooperation အဖွဲ့များဖွဲ့စည်းပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်နေသည်။ အွန်လိုင်းလိမ်လည်မှုသည် ဆက်သွယ်ရေးကွန်ရက်များ ကိုအသုံးပြုပြီး လိမ်လည်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများလည်း လိမ်လည်မှု၏ သားကောင်များဖြစ်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ ၈၀၀ ခန့် အွန်လိုင်းလိမ်လည်ခံရပြီး အမှုဖွင့်တိုင်ကြားခဲ့သည်။ အမှုဖွင့်တိုင်ကြားမှုမရှိဘဲ ကျိတ်ပြီးဖြေရှင်းမှုများသည် တိုင်ကြားမှုများထက် အဆပေါင်းများစွာပိုရှိနေသည်မှာ သေချာသည်။

အဆိုပါဒုစရိုက်မှုများနှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း ပြည်တွင်းမီဒီယာ များမှတစ်ဆင့် အသိပေး၊ သတိပေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ အွန်လိုင်း လိမ်လည်မှု သားကောင်များမဖြစ်အောင်ဆောင်ရန်၊ ရှောင်ရန်များကို ပုံစံမျိုးစုံဖြင့် အသိပေးလျက်ရှိသည်။ အရေးကြီးသည့်အချက်မှာ မိမိဖုန်းထဲသို့ဝင်ရောက်လာသည့် မသိသည့်လင့်များကို မဖွင့်မိရန်၊ မသိသည့်အကြောင်းကြားမှုများကို မကြည့်မိရန်လိုပေသည်။ အွန်လိုင်းလိမ်လည်ခံရလျှင် ကျိတ်မဖြေရှင်းဘဲ တာဝန်ရှိသူများကို သတင်းပေးတိုင်ကြားရန်လိုပေသည်။ ထိုမှတစ်ဆင့် ကွင်းဆက်လိုက်ပြီး လိမ်လည်သူများကို နှိမ်နင်းမည်ဖြစ်ရာ အစိုးရ၏တာဝန်ရှိသူများအပေါ် ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။