ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / May 29, 2025

နေပြည်တော် မေ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုလို ထောက်ပံ့ပေးရခြင်းမှာ စိတ်ဓာတ်ခွန်အားပေးခြင်းဖြစ်သကဲ့သို့ ဝန်ထမ်းအချင်းချင်း မိသားစု စိတ်ဓာတ်၊ လုပ်ဖော်ကိုင်ဖက်စိတ်ဓာတ်များကို ပြသခြင်းဖြစ်ကြောင်း၊ စေတနာများကို တုံ့ပြန်သည့်အနေဖြင့် ဝန်ထမ်းများက မိမိတို့၏ သားသမီးများကို လူချွန်လူကောင်းများဖြစ်စေရန်၊ အကျင့်စာရိတ္တမြင့်မားသူများဖြစ်စေရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူများဖြစ်စေရန်တို့အတွက် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့မျှော်မှန်းနေသည့် ကျန်းမာကြံ့ခိုင်သည့်လူမျိုး၊ ဖွံ့ဖြိုးတိုးတက်ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်အောင် ကောင်းမွန်သည့်ပညာရေးစနစ်နှင့် တစ်နည်းအားဖြင့် ပညာတတ်သည့် မျိုးဆက်ကသာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။
ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းသည် ဝန်ထမ်းဖြစ်သူမိဘများအတွက် အထိုက်အလျောက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း၊ မိဘများအနေဖြင့် မိမိတို့သားသမီးများ အခက်အခဲမရှိ ပညာတတ်တစ်ဦးဖြစ်စေရေးအတွက် အန္တိမရည်မှန်းချက်တစ်ခုအဖြစ် ထားရှိရမည်ဖြစ်သကဲ့သို့ ကောင်းမွန်မှန်ကန်သည့် စိတ်ဓာတ်များနှင့် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ် လျှောက်လှမ်းနိုင်သူများဖြစ်စေရန် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆံဆက်ရေးဦးစီးဌာနတို့မှ ကျောင်းသားမိဘများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းလုပ်ငန်းတို့မှ ကျောင်းသားမိဘများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။
ယနေ့ကျင်းပသည့်အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုမှာ မူလတန်း ကျောင်းသား ကျောင်းသူ ၁၃၄၈ ဦး၊ အလယ်တန်း ၅၄၄ ဦး၊ အထက်တန်း ၅၂၁ ဦး၊ တက္ကသိုလ် ၃၂၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၇၃၃ ဦးရှိကာ မူလတန်းတစ်ဦးလျှင် ငွေကျပ်ငါးထောင်နှင့် ဗလာစာအုပ် တစ်ဒါဇင်၊ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် ၇၅၀၀ နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ အထက်တန်း တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှင့် ဗလာစာအုပ်နှစ်ဒါဇင်၊ တက္ကသိုလ်တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှင့် ဗလာစာအုပ်နှစ်ဒါဇင်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့မှုငွေကျပ် ၅၂၃၀၀၀၀၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on May 29, 2025NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 27, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 22, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း