ပြန်ကြားရေးဝန်ကြီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအောက်ရှိ စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအောက်ရှိ စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်း
Ministry of Information/ Naypyitaw / February 12, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြန်ကြားရေးဝန်ကြီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအောက်ရှိ စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး (စာရေးဆရာ မောင်အောင်)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စာအုပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ၎င်းကိုယ်တိုင် ရေးသားပြုစုထားသော “ယောက္ခမတောင်မှမပေးနိုင်တဲ့ အတိုးနှုန်းအပါအဝင် စိုက်မွေးဆည်စာစုများ (၂)” စာအုပ် ၅၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။
ဖြန့်ဝေပေးသွားမည်
ယနေ့လှူဒါန်းသည့် စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များသို့ အုပ်ရေ ၂၅၀ နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းအောက်ရှိ စာကြည့်တိုက်များသို့ အုပ်ရေ ၂၅၀ တို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
