ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း( BE.FALLS)သို့ လာရောက်လည်ပတ်သည့် ဧည့်သည်ဝင်ရောက်မှု ၂ ဒသမ ၅ သန်းပြည့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်
ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း( BE.FALLS)သို့ လာရောက်လည်ပတ်သည့် ဧည့်သည်ဝင်ရောက်မှု ၂ ဒသမ ၅ သန်းပြည့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်
Ministry of Information/ Naypyitaw / October 27, 2025
ပြင်ဦးလွင် အောက်တိုဘာ ၂၆
ပြင်ဦးလွင်- လားရှိုးကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာအပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ယနေ့တွင် ဧည့်သည်ဝင်ရောက်မှု ၂ ဒသမ ၅ သန်းပြည့်မြောက်ခဲ့ပြီး ထိုသို့ပြည့်မြောက်သည့်ဧည့်သည်အား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဧည့်သည်သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ဒေါ်သင်းပပထွန်းဖြစ်ပြီး ဧည့်သည်အား ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(BE.FALLS)မှ တာဝန်ရှိသူများက အမှတ်တရအဖြစ်လက်ဆောင်ပန်းစည်း၊ ဂုဏ်ပြု Trophy ၊ အပန်းဖြေစခန်းသို့ တစ်နှစ်စာအခမဲ့ဝင်ရောက်ခွင့်(Gold Card)နှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည့်အပြင် ဧည့်သည်နှင့်ပါရှိလာသူများအား အပန်းဖြေစခန်းနှင့်မှန်တံတားဝင်ခွင့်၊ Sky Cable Car စီးနင်းမှုနှင့် ဘာဂီစီးနင်းလည်ပတ်ခြင်းများ အခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 26, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Posted on Oct 24, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Posted on Oct 23, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 22, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Posted on Oct 27, 2025တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
Posted on Oct 27, 2025အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်
