ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပခဲ့သည် (၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိများအစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပခဲ့သည် (၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိများအစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


Ministry of Information/ Naypyitaw / November 18, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၇

(၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေး (13th ASEAN Law Ministers Meeting- ALAWMM)ကို ဖိလစ်ပိုင်နိုင်ငံမနီလာမြို့၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံအဆင့်မြင့်ဥပဒေအရာရှိများ အစည်းအဝေး (24th ASEAN Senior Law Officials Meeting-ASLO) ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။

(၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာ ဝန်ကြီးများအစည်းအဝေး (13th ASEAN Law Ministers Meeting-ALAWMM) ကို နိုဝင်ဘာ ၁၃ ရက် မှ ၁၅ ရက်အထိကျင်းပခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံသမ္မတ H.E. Mr. Ferdinand Romualdez Marcos Jr. က အဖွင့်အမှာစကားပြောကြားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တရားရေး/ ဥပဒေရေးရာဝန်ကြီးများ၊ ရှေ့နေချုပ်များ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ အဆင့်မြင့်ဥပဒေအရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အာဆီယံဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံများအကြား ဥပဒေရေးရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းသည် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ ဥပဒေရေးရာနယ်ပယ်၌ အဓိကပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့နည်းပညာခေတ်တွင် အကြမ်းဖက်မှုများ၊ အဂတိလိုက်စားမှုများ၊ ငွေကြေးခဝါချမှုများနှင့် ပိုင်ဆိုင်မှုများအား ခိုးယူသောအမှုများကို နည်းပညာအသုံးပြု၍ အုပ်စုဖွဲ့ကျူးလွန်လျက်ရှိကြောင်း၊ အဆိုပါပြစ်မှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်သဖြင့် နိုင်ငံတကာအဆင့်သာမကဘဲ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လာသဖြင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်သင့်ကြောင်း၊ ဥပဒေရေးရာကိစ္စရပ်များကို အပြန်အလှန် အကူအညီပေးရေးနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်တစ်ရပ် တည်ထောင်ခြင်းသည် အကြမ်းဖက်မှုများ၊ အဂတိလိုက်စားမှုများ၊ ငွေကြေးခဝါချမှုနှင့် ပိုင်ဆိုင်မှုများ၊ ခိုးယူမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် အဓိကကျပါကြောင်း။

မြန်မာနိုင်ငံသည် အထူးသဖြင့် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ အွန်လိုင်းလိမ်လည်မှုများနှင့် နိုင်ငံဖြတ်ကျော် ကျူးလွန်သော ငွေကြေးလိမ်လည်မှုဆိုင်ရာ ရာဇဝတ် မှုခင်းများကို ကိုင်တွယ်ဖြေရှင်းခဲ့ရာ ကျူးလွန်သောသူများအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံသည် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေးစာချုပ်အား ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့နှင့် ချုပ်ဆိုခဲ့သည့်အပြင် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူ အညီပေးရေးဆိုင်ရာ ဘင်းစတက်ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သော အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်အား မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက ရှေ့နေချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါအာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင် ခြင်းအားဖြင့် တရားစွဲနှင့်အမှုလိုက်ဆိုင်ရာ လုပ်ငန်းများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများအား ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် နိုင်ငံဖြတ်ကျော်ဥပဒေရေးရာ ဝန်ဆောင်မှုနှင့် ဥပဒေရေးရာကိစ္စရပ်များ၊ အပြန်အလှန်အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို နည်းပညာနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပထမအကြိမ် အာဆီယံ-ဂျပန် တရားရေး/ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံ-ဂျပန် တရားရေး/ ဥပဒေရေးရာဝန်ကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံ-ဂျပန် ဥပဒေရေးရာကိစ္စရပ်များအား ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ဆောင်ရွက်မည့် ဥပဒေရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး (12th ASEAN Law Ministers Meeting-ALAWMM)နှင့် (၂၂)ကြိမ်မြောက် အာဆီယံ အဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေး (22nd ASEAN Senior Law Officials Meeting-ASLOM)၌ အတည်ပြုခဲ့သဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးမတိုင်မီ ဆက်စပ်အစည်းအဝေးဖြစ်သော (၂၄)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး(24th ASEAN Senior Law Officials Meeting-ASLOM)ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားမနှင့် ကုန်သွယ်ရေးတို့တွင် ဥပဒေဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးကိစ္စ၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ဥပဒေနှင့်တရားစီရင်ရေး ပူးပေါင်းဆောင် ရွက်မည့်ကိစ္စတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့သည့် ကုန်သွယ်ရေးဥပဒေ လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။