ဖျာပုံမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာသီကာလ ရေချိုဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းသွားနိုင်ရေး၊ မိုးရာသီကာလ ဒီရေတက်သည့်အချိန် ရေငန်ဝင်ရောက်မှုမှကာကွယ်နိုင်ရေးစီမံဆောင်ရွက်
ဖျာပုံမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာသီကာလ ရေချိုဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းသွားနိုင်ရေး၊ မိုးရာသီကာလ ဒီရေတက်သည့်အချိန် ရေငန်ဝင်ရောက်မှုမှကာကွယ်နိုင်ရေးစီမံဆောင်ရွက်
Ministry of Information/ Naypyitaw / November 12, 2025
နေပြည်တော် နိုဝင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်တာဝန်ရှိသူများကို တွေ့ဆုံ၍ ဖျာပုံမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာသီကာလတွင် ရေချိုဆုံးရှုံးမှုမရှိစေရေးနှင့် မိုးရာသီကာလဒီရေတက်ချိန်တွင် ရေငန် ဝင်ရောက်မှုမှ ကာကွယ်နိုင်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် တာဝန်ရှိသူများက ဖျာပုံမြို့နယ်ရှိ ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း ဆားငန်ရေဝင်ရောက်သည့် ဧရိယာများ ရေချိုရရှိနိုင်မှုအခြေအနေ၊ နှစ်စဉ်ဧက ၆၀၀၀ ခန့် အများဆုံးစိုက်ပျိုးနိုင်ရာမှ ယခုလာမည့်နှစ်အတွင်း ဧက ၁၉၀၀၀ ခန့်အထိ တိုးတက်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဧက ၄၀ ဖော်ထုတ်ပြီးစီးခဲ့မှုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေသီးထပ်တိုးတက်စိုက်ပျိုးနိုင်ရေးအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ကျွန်းပတ်တာ လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျဆောင်ရွက်ရန်၊ နွေသီးထပ်ကို ရာသီအမီလျာထားဧကပြည့် စိုက်ပျိုးပြီးစီးနိုင်ရေးဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဖျာပုံမြို့နယ် သပြေကန်-သိမ်ကုန်း ဧရိယာအေးသာယာကျေးရွာ အုပ်စုအတွင်း တူးဖော်ဆောင်ရွက်မည့် အေးသာယာ (၂) မြောင်းနေရာကို ကြည့်ရှုစစ်ဆေးပြီး ရေချိုဝင်ရောက်သည့် ရေအမြင့် (RL)၊ တူးဖော်ရန်လိုအပ်သည့် မြောင်းကြမ်းပြင်အနက် (RL) တို့ကို ချိတ်ဆက်မိစေရန်၊ သတ်မှတ်ရေစီးနှုန်းပမာဏရရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ရေချိုပိုမိုရရှိလာနိုင်မှုအရ သီးနှံစိုက်ဧရိယာတိုးတက်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ကြက်ဖမွေးဇောင်းကျွန်းပတ်တာသို့ ရေချိုပေးဝေလျက်ရှိသည့် နောင်တော်ကြီး-သိန္နီမြောင်းပေါ်တွင် တည်ဆောက်ထားသော သကံရေတံခါးပြုပြင် ဆောင်ရွက်နေမှု ၆ ပေ x ၆ ပေ ရေတံခါးခြောက်ချပ် ပြန်လည်ပြုပြင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဖျာပုံမြို့နယ် နောင်တော်ကြီးကျေးရွာအနီး နောင်တော်ကြီး ဆိုလာရေတင်စီမံကိန်းဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ယခုစီမံကိန်းအောင်မြင်မှုအပေါ် အခြေခံပြီး ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒေသခံတောင်သူများအား တွေ့ဆုံ၍ အထွက်နှုန်းတိုးတက်ရရှိရေးနှင့် မျိုးစပါးဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မအူပင်မြို့နယ် မင်းဘောကျေးရွာအနီး မင်းဘောဆိုလာ ရေတင်ဆောင်ရွက်ထားရှိမှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်ရန် လျာထားနေရာကိုလည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နေမှုအခြေအနေများ၊ တက္ကသိုလ်ဝင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
