ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / January 24, 2025

နေပြည်တော် ဇန်နဝါရီ ၂၃
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
သေချာစွာစိစစ်
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က နစ်နာကြေး၊ လျော်ကြေးပေးချေရန် တွက်ချက်တင်ပြလာသော လုပ်ငန်းကိစ္စရပ်တစ်ခုချင်းအလိုက် မြေယာတန်ဖိုး၊ သီးနှံတန်ဖိုးများ သင့်လျော်မှန်ကန်ခြင်း ရှိ/မရှိ အသေးစိတ်စိစစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဘဏ္ဍာနှစ်အလိုက်လျော်ကြေး၊ နစ်နာကြေးပေးလျော်မည့်အခြေအနေ၊ မြေယာပိုင်ဆိုင်သူတောင်သူ လယ်သမားများ၊ သက်ဆိုင်သူများနှင့် သဘောတူညီစွာ ညှိနှိုင်းဆောင်ရွက်ထားမှုအခြေအနေတို့ကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက သေချာစွာစိစစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားကြသည့် တောင်သူလယ်သမားများနှင့် မြေယာပိုင်ဆိုင်သူများ နစ်နာမှုမရှိစေရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အလျင်အမြန်ပေးလျော်နိုင်စေရေး ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
သီးနှံလျော်ကြေးများ တွက်ချက်တင်ပြရာ၌ လယ်မြေတွင် ဥပဒေနှင့်အညီ စိုက်ပျိုးထားသည့်သီးနှံများနှင့် ယာမြေတွင် ဥပဒေနှင့်အညီ စိုက်ပျိုးထားသော စိုက်ပျိုးသီးနှံပင်များကိုသာ တိကျမှန်ကန်စွာ စာရင်းဇယားများ တိမ်းစောင်းချွတ်ချော်မှုမရှိစေဘဲ စိစစ်တင်ပြရေးကို သက်ဆိုင်ရာဌာနများက ပူးပေါင်းကြပ်မတ်ပေးရန်တိုက်တွန်းလိုကြောင်း၊ တောင်သူများ မနစ်နာစေရန် အလေးထားဆောင်ရွက်သကဲ့သို့ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရန် သတိပြုရမည်ဖြစ်ကြောင်း။
အချို့သောဒေသများ၌ လယ်မြေပေါ်တွင် ဒေသနှင့်ကိုက်ညီသည့် ဝင်ငွေပိုမိုရရှိနိုင်သော သီးနှံ Cash Crop ပြောင်းလဲစိုက်ပျိုးခွင့်တင်ပြလာမှုအပေါ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၂၈ ပုဒ်မ ခွဲ (က)အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်၍ ဒေသအတွင်း ဆန်စပါးဖူလုံမှုနှင့် ပတ်ဝန်းကျင်လယ်ယာမြေများကို ထိခိုက်နိုင်မှုမရှိပါက တောင်သူများအတွက် ဝင်ငွေပိုမိုရရှိနိုင်ရန် သီးနှံ Cash Crop ကို ပြောင်းလဲစိုက်ပျိုးခွင့်ပြုပေးနိုင်ရေး ထည့်သွင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက (၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်း ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကိုတင်ပြရာ တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးကြပြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က နစ်နာကြေး၊ လျော်ကြေးပေးချေရန် တွက်ချက်တင်ပြလာသောလုပ်ငန်းများ၊ နိုင်ငံနှင့်တစ်ဝန်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာသည့် ကိစ္စရပ်များကိုလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
(၁၂)လရာသီ ပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား ရောင်းချပေးမည်။
Posted on Apr 24, 2025(၁၂)လရာသီ ပွဲတော်များနှင့်ပန်းများ အထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား ရောင်းချပေးမည်။
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်
Posted on Apr 23, 2025၁။ မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက်လည်းကောင်း တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Myanmar National Human Rights Commission Statement No. (5/2025)
Posted on Apr 17, 2025