ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် ပါတီများ၊ အသင်း/ အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် ပါတီများ၊ အသင်း/ အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်
Ministry of Information/ Naypyitaw / April 07, 2026
နေပြည်တော် ဧပြီ ၆
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရှန်ရှီးကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာ-ဘယ်လာရုစ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာပြည် တရုတ်ဗုဒ္ဓဘာသာရဟန်းတော်များအဖွဲ့၊ မဇ္ဈိမာလင်္ကာရသာမဏေကျော်အသင်း၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို) တို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာစွာဖြင့် ပြည်သူများ၏ အကျိုးအတွက် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း၊ ဘာသာအကျိုး၊ သာသနာအကျိုး၊ နိုင်ငံအကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း၊ သမ္မတကြီး၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းစေပြီး ပြည်သူအများ ချမ်းသာကြွယ်ဝကာ နိုင်ငံ့စီးပွားထွန်းကားလျက် အခြေအနေသစ်များနှင့် အသစ်သောအသွင်ကူးပြောင်းမှုများဖြင့် ကောင်းမွန်ပြည့်စုံပါစေကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရှိရသည်။
သတင်းစဉ်
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Posted on Apr 6, 2026အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
