ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆရာတော်ကြီးတွေ ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲဆိုတာ နောက်မျိုးဆက်သစ်တွေကို သိစေချင်တာပါ ...

ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆရာတော်ကြီးတွေ ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲဆိုတာ နောက်မျိုးဆက်သစ်တွေကို သိစေချင်တာပါ ...


Ministry of Information/ Naypyitaw / May 06, 2026
image_latest


ဒေါက်တာကေသီထွေး (ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်-ရန်ကုန်)

ရန်ကုန် မေ ၅

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ်အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း၌ မေ ၁၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသလျက်ရှိရာ လာရောက်လေ့လာသူ ရဟန်းရှင်လူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ယနေ့တွင် အဆိုပါပြပွဲသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှ ဝန်ထမ်းများ၊ ကမ္ဘော ဒီးယားနိုင်ငံမှ သာသနာပြုအဖွဲ့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ မှော်ဘီတပ်နယ်၊ တိုက်ကြီးတပ်နယ်တို့မှ တပ်မိသားစုဝင်များနှင့် ရဟန်းရှင်လူပြည်သူများ လာရောက်လေ့လာကြသည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အထူးပြပွဲသို့ လာရောက်လေ့လာကြသူများနှင့် တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

ဦးဇော်ဇော်ဦး

ဒုတိယပါမောက္ခချုပ်(စီမံ)

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်အရ ကျင်းပပြီးစီးခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာတင် နှစ်(၇၀)ပြည့်အောင်ပွဲ အထိမ်းအမှတ်အထူးပြပွဲကို မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး အတွင်းပတ်လမ်းမှာ ပြခန်းပြကွက်များစွာနဲ့ မေလ ၁၀ ရက်အထိ ပြပွဲကို လာရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်၊ မြို့နယ်အလိုက် ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ရဟန်းရှင်လူ၊ ပြည်သူတွေ၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာ အထက်တန်းကျောင်းတွေက ကျောင်းသား ကျောင်းသူတွေ၊ နောက်မျိုးဆက်သစ်တွေ ဆဋ္ဌသင်္ဂါယနာပွဲကြီးကို ဘယ်လိုဆောင်ရွက်ခဲ့ ကြတယ်ဆိုတာ သိထားစေချင်တဲ့အတွက် ပြခန်းဖွင့်လှစ်ပြသတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀ က ဆောင်ရွက်ခဲ့တဲ့ သမိုင်းဝင်ပြခန်း၊ ပြကွက်တွေဖြစ်ပြီး နောက်မျိုးဆက်သစ်တွေအားလုံးကို သိစေချင်၊ မြင်စေချင်တဲ့အတွက်ကြောင့် အားလုံးလာရောက် ကြည့်ရှုလေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဒေါက်တာကေသီထွေး

ပါမောက္ခချုပ်

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)

မဟာပါသာဏလိုဏ်ဂူကြီးမှာ ကျင်းပနေတဲ့ ဆဋ္ဌသင်္ဂါယနာတင် နှစ်(၇၀)ပြည့်အထိမ်းအမှတ် အထူးပြပွဲပြခန်းတွေမှာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ ပြခန်းတွေအနေနဲ့ ဘုရားအလောင်း ပဋိသန္ဓေယူတဲ့အခန်းကစပြီး ဘုရားပရိနိဗ္ဗာန်စံတော်မူတဲ့အထိ ပြခန်းများ၊ သင်္ဂါယနာ ရဲ့အဓိပ္ပာယ်ကို ဖော်ထုတ်ပြသတဲ့ ပထမသင်္ဂါယနာ၊ ဒုတိယသင်္ဂါယနာ၊ တတိယသင်္ဂါယနာကို အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့ပြီး နှုတ်ထွက်အာဂုံဆောင်တဲ့ခေတ်၊ စတုတ္ထသင်္ဂါယနာကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပပြီး ပေထက်အက္ခရာတင်တဲ့ကာလ၊ ပဉ္စမနဲ့ ဆဋ္ဌသင်္ဂါယနာကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့တယ်။ ပဉ္စမသင်္ဂါယနာကို မန္တလေးမှာ ကျင်းပခဲ့ပြီး ဆဋ္ဌသင်္ဂါယနာကို အခုမဟာပါသာဏလိုဏ်ဂူမှာ ကျင်းပ ခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့ သံဃရာဇာတွေ ဘယ်လိုဆောင်ရွက်ခဲ့တာကို စနစ်တကျပြသထားတယ်။ သင်္ဂါယနာတင်ဖို့ မဟာပါသာဏလိုဏ်ဂူ တည်ဆောက်ခဲ့ပုံအဆင့်ဆင့်၊ ကျင်းပခဲ့ပုံတွေကို ပြသထားပါတယ်။ ဒီနေ့လေ့လာတဲ့ ကျောင်းသား ကျောင်းသူတွေက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က အချိန်ပိုင်းအနုပညာ ဒီပလိုမာကို သင်ယူနေကြတဲ့ ကျောင်းသား ကျောင်းသူတွေ ဖြစ်ပါတယ်။ လေ့လာကြဖို့ခေါ်ယူရတဲ့ ရည်ရွယ်ချက်က ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆရာတော်ကြီးတွေ ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲဆိုတာ နောက်မျိုးဆက်သစ်တွေကို သိစေချင်တာပါ။ 

မရတနာမေ

ရုပ်ရှင်၊ ပြဇာတ်

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ပန်းချီကားတွေ၊ ရှေးဟောင်းအနုပညာလက်ရာတွေကို ဒီပြခန်းတွေမှာ တွေ့ရပါတယ်။ ဆရာတော်ကြီးတွေရဲ့ ဆဋ္ဌသင်္ဂါယနာတင်ခဲ့ပုံအဆင့်ဆင့်ကိုလည်း သိရပါတယ်။ ဆရာတော်ကြီးတွေရဲ့ ဗုဒ္ဓဘာသာသာသနာ အဓွန့်ရှည်ရေးအတွက် သာသနာကို စောင့်ရှောက်ထိန်းသိမ်း ခဲ့ပုံတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ထိန်းသိမ်းထားပုံကိုလည်း သိခဲ့ရပါတယ်။

မအိမ့်သက်မှူးခင်

ပန်းချီ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

ဒီမှာမြင်ရတဲ့ ဗုဒ္ဓဝင်ပန်းချီကားတွေနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတတွေ များစွာရရှိခဲ့ပါတယ်။ ဒီပြခန်းကိုကြည့်ရှုနိုင်ဖို့ ဆောင်ရွက်ပေးခဲ့တဲ့ ဆရာ ဆရာမများနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဒီပြခန်းကနေ ဗုဒ္ဓဘာသာ သာသနာအတွက် ရှေးအဆက်ဆက် ဆရာတော်ကြီးတွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံကို သိခဲ့ရပါတယ်။

မောင်မြင့်သိန်း(ဂီတ)

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ အဆင့် ဆင့်တင်ခဲ့ပုံတွေ၊ အကြောင်းအရာတွေ၊ ဘာကြောင့် တင်ခဲ့ရတယ်ဆိုတဲ့ ဗဟုသုတတွေနဲ့ ဆဋ္ဌသင်္ဂါယနာ တင်တဲ့အတွက်ကြောင့် ကျွန်တော်တို့သာသနာတော်ကြီးက အဓွန့်ရှည်တည်တံ့မယ်၊ ကမ္ဘာအနှံ့ကို ပျံ့နှံ့မယ်၊ သာသနာတော်ကြီးလည်း အရှည်တည်တံ့ ခိုင်မြဲမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုလေ့လာရတဲ့ အတွက်ကြောင့် ဒီသာသနာတော်ကြီးကို လူငယ်တွေအနေနဲ့ ဆက်လက်ထိန်းသိမ်းရမယ်၊ နောက်ထပ်လူငယ်တွေကို မျှဝေရမယ်လို့ သိရှိရပါတယ်။

မောင်ချမ်းအေးဇော်

ပန်းပု

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)

သံဃာတွေစုပေါင်းပြီး မြတ်ဗုဒ္ဓရဲ့တရားတော် တွေကို မပျောက်ကွယ်စေဖို့အတွက် ပထမကနေ ဆဋ္ဌသင်္ဂါယနာအထိ သေသေချာချာ စုပေါင်းပြီး မှတ်တမ်းတင်ထားတာကို တွေ့ရတယ်။ နောက် မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းနိုင်အောင် နှုတ်ရွတ်ကနေ စပြီး နောက်ပိုင်းပုံနှိပ်အထိ ပုံနှိပ် ပစ္စည်းတွေ၊ နည်းပညာဆိုင်ရာတွေနဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့အတွက် မှတ်တမ်းတွေကို ထိန်းသိမ်းထား တာတွေ့ရပါတယ်။ ဒီလို လေ့လာဖို့အတွက် စီစဉ် ပေးတဲ့တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အထူးပြပွဲတွင် လာရောက်ကြည့်ရှု လေ့လာကြသည့် ရဟန်းရှင်လူပြည်သူများအနေဖြင့် ပြခန်းများတွင် ပြသထားသည့် ပြကွက်များကို ကြည့်ရှုလေ့လာပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။

သတင်းအဖွဲ့

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Posted on May 02, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ

Posted on May 5, 2026

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။