ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို၏ ကိုယ်ရေးအကျဉ်း

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို၏ ကိုယ်ရေးအကျဉ်း


Ministry of Information/ Naypyitaw / November 27, 2025
image_latest


မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို ကို ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ အိုရှာခရိုင်၊ ကိုပိစ်မြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ရှခ်လိုဗ်ခရိုင်၊ အလက်ဇန်း ဒရီးယားမြို့ရှိ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကူလယ်ရှော့မိုဂီလက်ဗ် ဆရာအတတ်သင်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်တွင် ဘယ်လာရုစ်စိုက်ပျိုးရေးတက္ကသိုလ်မှ စီးပွားရေးဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။

၁၉၇၅ ခုနှစ်တွင် စတင်စစ်မှုထမ်းဆောင်ခဲ့ပြီး နယ်ခြားစောင့်တပ်တွင်လည်းကောင်း၊ အနောက်ပိုင်းနယ်နိမိတ်ခရိုင်(ဘရက်စ်)တွင် နိုင်ငံရေးရာနည်းပြဆရာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၂ ခုနှစ်အထိ ဆိုဗီယက်တပ်မတော်တပ်ရင်း တပ်ဖွဲ့တစ်ခု၏ ဒုတိယတပ်ဖွဲ့မှူး(နိုင်ငံရေးအရာရှိ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၁၉၇၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ မိုဂီလက်ဗ်ဒေသ၏ အစားအသောက်ကွပ်ကဲရေးဆိုင်ရာ ကွန်ဆိုမိုးလ်ကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မိုဂီလက်ဗ်ဒေသ အိုကြာဘစ်စကီခရိုင် စီမံခန့်ခွဲရေးကော်မတီ၏ သင်တန်းနည်းပြဆရာအဖြစ်လည်းကောင်း၊ ရှခ်လိုဗ်ခရိုင် ဇနာနီအများပြည်သူပိုင်အဖွဲ့အစည်း၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ရှခ်လိုဗ်ခရိုင် အူဒါနစ် စုပေါင်းလယ်ယာလုပ်ငန်း၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရှခ်လိုဗ်ဆောက်လုပ်ရေးပစ္စည်းစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ လီနင်စုပေါင်းလယ်ယာလုပ်ငန်း၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အသက် ၃၃ နှစ်အရွယ်တွင် ရှခ်လိုဗ်ခရိုင်ဂိုရိုဒက် နိုင်ငံပိုင်လယ်ယာလုပ်ငန်း၏ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၁၉၈၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ယင်းလုပ်ငန်းကို ဦးဆောင်ခဲ့သည်။

မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ၁၉၉၀ ပြည့်နှစ်တွင် ဘယ်လာရုစ် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ အဓိပတိကောင်စီတွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးအဖွဲ့များအောက်တွင် ဖွဲ့စည်းထားသည့် ကုန်သွယ်ရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ကြပ်မတ်စစ်ဆေးသည့် ကော်မရှင်ကို ဦးဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ်၊ ဇွန်လတွင် လွှတ်တော်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဦးဆောင်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှ ယနေ့အထိဘယ်လာရုစ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။