ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်နိုင်ငံအထိမ်းအမှတ် သစ်ပင်အတူတကွစိုက်ပျိုး
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်နိုင်ငံအထိမ်းအမှတ် သစ်ပင်အတူတကွစိုက်ပျိုး
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်၍ နှစ်နိုင်ငံအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုကားလမ်းဘေးရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်၍ ကံ့ကော်ပင်ကို အတူတကွစိုက်ပျိုးပေးကြသည်။
အဆိုပါအခမ်းအနားသို့ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတို့နှင့်အတူ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမြထွန်းဦး၊ ဦးသန်းဆွေ၊ ဦးခင်မောင်ရီ၊ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတို့သည့် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ သတ်မှတ်နေရာ၌ နှစ်နိုင်ငံအထိမ်းအမှတ် ကံ့ကော်ပင်အား အတူတကွစိုက်ပျိုးပေးကြကာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ကမ္ဗည်းကြေးပြားအား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ဘယ်လာရုစ်-မြန်မာအထိမ်းအမှတ် ကံ့ကော်ပင်ရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အမျိုးသားပရဆေးဥယျာဉ်အတွင်းရှိ အာဆီယံနှင့် BIMSTEC ဘင်းစတက်အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ စိုက်ပျိုးခဲ့သည့် အထိမ်းအမှတ်သစ်ပင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
