ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဝန်ကြီးများ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်းဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဗိုလ်ချုပ်စျေးအတွင်း ကြည့်ရှုလေ့လာကာ ညပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဝန်ကြီးများ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်းဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဗိုလ်ချုပ်စျေးအတွင်း ကြည့်ရှုလေ့လာကာ ညပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ


Ministry of Information/ Naypyitaw / November 30, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ စက်မှုဝန်ကြီး H. E. Mr. Andrei KUZNIATSOU၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး H.E. Mr. Yury HORLAU ၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ H.E. Ms. Nadzeya LAZAREVICH နှင့် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ နိုင်ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ များက ကြိုဆိုနှုတ်ဆက်ကြသည်။

ဦးစွာ ဧည့်သည်တော်ဝန်ကြီးများ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်းဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆက်ကပ်ပူဇော်၍ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးရာ ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်ပုံတော်နှင့် မှတ်တမ်းစာအုပ်ကို လက်ဆောင်ပေးအပ်ကြသည်။

ထို့နောက် ဧည့်သည်တော်ဝန်ကြီးများ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်းဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကြပြီး ရွှေတိဂုံစေတီတော်ရှိ သာသနိကအဆောက်အအုံများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်ရင်ပြင် အောင်မြေနေရာ၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်းခေါင်းလောင်းတော်ကြီးတွင် ခေါင်းလောင်းထိုး၍ မေတ္တာပို့ဆုတောင်းကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်စျေးသို့ရောက်ရှိပြီး စျေးအတွင်းခင်းကျင်း ပြသရောင်းချလျက်ရှိသည့် လက်ဝတ်ရတနာများ၊ ကျောက်စိမ်း၊ ပန်းပုနှင့်လည်ဆွဲပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ ရွှေချည်ငွေချည်ထိုးလက်ရာ ပစ္စည်းများ၊ ပန်းချီ၊ ပန်းပုပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာကာ ဝယ်ယူအားပေးကြသည်။

ထို့နောက် ဘယ်လာရုစ်သမ္မတ နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီး၊ စက်မှုဝန်ကြီး H.E. Mr. Andrei KUZNIATSOU ၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး H.E. Mr. Yury HORLAU ၊ ကျန်းမာရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ည ၇ နာရီတွင်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ H.E. Ms. Nadzeya LAZAREVICH နှင့် ကိုယ်စားလှယ်အဖွဲ့သည် ည ၇ နာရီ ၄၅ မိနစ်တွင်လည်းကောင်း ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မထွက်ခွာမီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ဧည့်သည်တော်ဘယ်လာရုစ်သမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား လေဆိပ်ဧည့်ခန်းမ၌ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ရန်ကုန်မြို့အတွင်း ဆောင်ရွက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းဓာတ်ပုံအယ်လ်ဘမ်ကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။