ဘားအံတက္ကသိုလ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

ဘားအံတက္ကသိုလ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 15, 2024


ဘားအံ - ဇွန် (၁၄)

ကရင်ပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ဘားအံတက္ကသိုလ်ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည်တိုက်သို့သွားကြစို့ တေးသီချင်း ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်များသို့သွားရောက်၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများရှိနေမှသာ နောင် အသက်အရွယ်ရလာသည့်အချိန်တွင် စာဖတ်သည့်ဓလေ့များ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ စာဖတ်သည့် ဓလေ့စရိုက်ထွန်းကားပြီး စာကြည့်တိုက်များသို့သွားရောက်၍ စာပေဖတ်ရှုခြင်းမှသည် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုလည်းထွန်းကားပြီး စာဖတ်ရှိန်မြင့်မားခြင်းမှသည် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့တက်ရောက်လာသူများသည် နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေမည် Video Clip အား အတူတကွကြည့်ရှုခဲ့ကြပြီး ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာထိပ်တင်ဟန်က စာဖတ်ခြင်းနှင့်ဘဝပညာ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စာရေးဆရာဦးသန်းအောင်(မောင်လူဝိုင်း)က စာဖတ်ခြင်းအနုပညာ ခေါင်းစဉ်များဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောဆွေးနွေးပေးကြသူများအား အမှတ် တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာသော ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော သုတ၊ရသစာအုပ်စာစောင်များ၊ ဝင်းဝင်းစာပေ၊ ငွေတောင်စာပေနှင့်ဆန်းမိုးအောင်စာပေတို့မှ ခင်းကျင်းပြသရောင်းချသော စာအုပ် စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာရပ်စာအုပ်များနှင့်သုတ၊ရသ စာအုပ်ပေါင်း ၂၉၈၉၈ အုပ်ရှိသော ဘားအံတက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်၍ ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းရေးသွင်းပြီး စာအုပ်၊စာစောင်များနှင့် စာဖတ်၊ စာငှါးနေမှုအခြေအနေများ၊ ကျောင်းသား၊ကျောင်းသူများစာကြည့်တိုက်ကို အသုံးပြု နေမှုအခြေအနေများ၊ ကွန်ပျူတာခန်းနှင့် စာအုပ်စာစောင်များခင်းကျင်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ စာကြည့်တိုက်သို့ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကို ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးထံ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Oct 28, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 27, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


Posted on Oct 26, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


Posted on Oct 25, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Oct 24, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 23, 2024
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

Posted on Oct 24, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး...

Posted on Oct 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်

Posted on Oct 21, 2024

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၆၀)ဘဏ်စာရင်းကြေညာခြင်း

HOT NEWS
January 4,