ဘားအံတက္ကသိုလ်၏(၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဘားအံတက္ကသိုလ်၏(၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 26, 2026


ဘားအံ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်ရှိ သင်ကြားရေးဌာန(၁၄)ခုတွင် ဘာသာရပ်ပေါင်း(၁၆)ခုထိ တိုးချဲ့ဖွင့်လှစ်၍ ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်း၊ ဘွဲ့လွန်မဟာသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများကို သင်ကြားပေးလျက်ရှိရာ ဇန်နဝါရီ လ ၂၆ ရက်နေ့ နံနက်ပိုင်းက (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဘာသာရပ်အသီးသီးကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေး နိုင်ရန် အရည်အချင်းပြည့်ဝသည့် ဆရာ၊ဆရာမများ၊ အထောက်အကူပြုဝန်ထမ်းများ၊ စာသင်ခန်းနှင့်ဓာတ်ခွဲခန်းအဆောက် အဦများ၊ ခေတ်မီပြည့်စုံသည့်စာကြည့်တိုက်အပြင် ကျန်းမာကြံ့ခိုင်စေရန် အားကစားခန်းမ၊ ဘောလုံးကွင်း၊ အားကစား ပစ္စည်းများစသည့် လိုအပ်ချက်များအားလုံးကို ဘက်ပေါင်းစုံမှ ပြည့်စုံနေစေရန်အတွက် နိုင်ငံတော်က အစဉ်တစိုက်ဖြည့် ဆည်းပေးဆောင်ရွက်ပေးနေကြောင်း၊ ဘွဲ့ရရုံမျှနှင့်ကျေနပ်တင်းတိမ်မနေကြပဲ မျက်မှောက်ခေတ်ကာလ၏ လိုအပ်ချက်နှင့် ခေတ်မီတိုးတက်နေသည့် နည်းပညာဆိုင်ရာများကို အစဉ်သတိပြုပြီး လေ့လာဆည်းပူးကြစေလိုကာ နိုင်ငံတော်ကြီး ခေတ် မီတိုးတက်ပြီး အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲစေရေးအတွက် မြင့်မားသည့်အသိဉာဏ်ပညာစွမ်းပကားများဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့်တကွ စီမံခန့်ခွဲရေးနှင့်ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ် များက သက်ဆိုင်ရာဝတ်ရုံများဝတ်ဆင်၍ ဘွဲ့အပ်နှင်းမည့်စင်မြင့်ထက်သို့ အစီအစဉ်အတိုင်းတက်ရောက်နေရာယူကြပြီး လိုအပ်သည့်ကတိခံဝန်ချက်များရယူကာ ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက မဟာဝိဇ္ဇာ၊မဟာသိပ္ပံဘွဲ့ရရှိသူ(၆)ဦး၊ ဝိဇ္ဇာ/သိပ္ပံ(ဂုဏ်ထူးဘွဲ့)ရရှိသူ(၁၉)ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ(၁၂၁)ဦး၊ သိပ္ပံဘွဲ့ရရှိသူ(၁၈၆)ဦး စုစုပေါင်း ၃၃၂ ဦးတို့ကို သက်ဆိုင်ရာ ဘွဲ့များ အသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက ဘွဲ့အသီးသီးအပ်နှင်းပြီးဖြစ်သော ဘွဲ့ရ ပုဂ္ဂိုလ်များစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးပြီး ဘွဲ့ရပုဂ္ဂိုလ်များအား ဘွဲ့နှင်းသဘင်အခမ်းအနားဆိုင်ရာ မိန့်ခွန်းပြော ကြားကာ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဘွဲရမောင်မယ်များနှင့်မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကားများ ပြောကြားခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း