ဘားအံမြို့နယ်အတွင်း အမေရိကန်ဒေါ်လာသန်း(၇၀)ကျော်ရင်းနှီးမြှုပ်နှံ၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်မည်

ဘားအံမြို့နယ်အတွင်း အမေရိကန်ဒေါ်လာသန်း(၇၀)ကျော်ရင်းနှီးမြှုပ်နှံ၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်မည်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 06, 2025


ဘားအံ ဩဂုတ် ၆

ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင် (၈၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ ၄၀ ဧကပေါ်တွင်(၁၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်ရန် အဆိုတင်သွင်းသည့် Zeya & Associates Co.Ltd အား ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် Executive Director Zeya & Associates Co.Ltd က စီမံကိန်းမြေနေရာနှင့်စီမံကိန်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်မည့်ပုံစံ၊ System Configuration ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ မြေငှားစာချုပ်နှင့်ဓာတ်အားဝယ်ယူရေးစာချုပ်ချုပ်ဆိုမည့်ပုံစံတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက် ဆိုင်ရာဌာနများအလိုက် လိုအပ်သည့်ခွင့်ပြုမိန့်များရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဓာတ်အားပေး စက်ရုံ စီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာသန်း(၇၀)ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Letter of Acceptance လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၅၅၀)အတွင်း စတင်လည်ပတ်နိုင်မည်ဖြစ်ကာ အဆိုပြုစီမံကိန်းကာလ မှာ ၂၀ နှစ် + ၅ နှစ်+ ၅ နှစ်ဖြစ်ကြောင်း သိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025
AnnouncementsExplore more >

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

Posted on Aug 7, 2025

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

Posted on Aug 7, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

Posted on Aug 7, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း