ဘိုကလေးမြို့နယ်တွင် လူငယ် ၄၀ ကျော် အဓမ္မစစ်သားစုဆောင်းခံရသည်ဟု မဟုတ်မမှန်လုပ်ကြံ ရေးသားဖြန့်ဝေနေ

ဘိုကလေးမြို့နယ်တွင် လူငယ် ၄၀ ကျော် အဓမ္မစစ်သားစုဆောင်းခံရသည်ဟု မဟုတ်မမှန်လုပ်ကြံ ရေးသားဖြန့်ဝေနေ


Ministry of Information/ Naypyitaw / September 12, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ် ၄၀ ကျော် အဓမ္မစုဆောင်းခံရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက အများပြည်သူ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားလှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘိုကလေးမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာများတွင် လူငယ်များကို အဓမ္မဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကိုပေါ်တာဆွဲခြင်း စသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူလူထုကြောက်ရွံ့ထိတ်လန့်စေရန် လုပ်ကြံရေးသားလျက်ရှိသည့်အတွက် နိုင်ငံတော်ပိုင်သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ၊ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများမှလည်း ဆွေးနွေးဟောပြောမှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူများအနေဖြင့် သိရှိလိုသည်များ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်း မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များထံသို့ ဆက်သွယ်မေးမြန်းနိုင်အတွက် ဖုန်းနံပါတ်များကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်ပြန်ပေးထားကြောင်း သိရှိရသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 12, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Posted on Jan 11, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Posted on Jan 10, 2025
AnnouncementsExplore more >

ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ပုံနှိပ်သူနှင့်ထုတ်ဝေသူစာရင်းအား အသိပေးကြေညာခြင်း

Posted on Jan 15, 2025

၁။   ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-