မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / March 15, 2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်တွင် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မကွေးမြို့နယ်၊ ကန်ပြားကျေးရွာရှိ မကွေးမြို့အဝင်စစ်ဆေးရေးဂိတ်တွင် အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မကွေး)မှ တပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ကံပြားကျေးရွာမှ မကွေးမြို့သို့ မကွေးမြို့၊ အောင်စေတနာ(C)ရပ်ကွက်နေ ထွန်းဇော်ဝင်း(၂၈)နှစ် မောင်းနှင်လာသည့် YGN-40 3H/XXXX NISSAN WINGROAD မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ထွန်းဇော်ဝင်းအား မကွေးနယ်မြေရဲစခန်း (ပ)၄၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on May 5, 2025