မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကိုယ်ပိုင်အလယ်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ကာ ပြန်လည်ထွက်ခွာ၍ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ အန္တရာယ်ကင်းစွာ ပြန်လည်ကယ်တင် နိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကိုယ်ပိုင်အလယ်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ကာ ပြန်လည်ထွက်ခွာ၍ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ အန္တရာယ်ကင်းစွာ ပြန်လည်ကယ်တင် နိုင်ခဲ့
Ministry of Home Affairs/ နေပြည်တော် / June 20, 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက် ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ကျောင်းသား/ကျောင်းသူ ၁၈၅ ဦး (ကျောင်းသား ၇၈ ဦး၊ ကျောင်းသူ ၁၀၇ ဦး) တို့အား ဆရာ/ဆရာမ ၁၃ ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် “ငွေသော်တာ” ကိုယ်ပိုင်အလယ်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် “ငွေသော်တာ” ကိုယ်ပိုင်အလယ်တန်းကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးသည် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဆရာ/ဆရာ မများအား “ကျောင်းအုပ်ဘယ်သူလဲ” ဟုမေးမြန်းရာ ဆရာ/ဆရာမများမှ “ကျောင်း၌မရှိကြောင်း” ပြန်လည်ဖြေကြားခဲ့ရာ အဆိုပါအကြမ်းဖက်သမားများ သေနတ် သုံးချက် ပစ်ဖောက်၍ ပြန်လည်ထွက်ခွာသွားကြောင်းသိရှိခဲ့ရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများ ပြန်လည်ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း အကြမ်းဖက်ချေမှုန်းရေး လိုက်လံဆောင်ရွက်စဉ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ စက်မှုဇုန်ရပ်အရောက်၌ အဆိုပါအကြမ်းဖက်သမားများသည် စက်မှုဇုန်ရပ်၊ အမှတ်(၉)လမ်းနေ အခြေခံပညာအထက်တန်း ကျောင်းခွဲ(စက်မှုဇုန်)မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်မိုးမြင့် (၄၂)နှစ်အား ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆရာမဒေါ်ခင်မိုးမြင့်အား ပြန်လည်ကယ်တင်နိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဘုန်းကံကျေးရွာနှင့် ကြီးရွာသွားလမ်းဘေး၌ ဆရာမ ဒေါ်ခင်မိုးမြင့်အား အန္တရာယ်ကင်းစွာ ပြန်လည်ကယ်တင်နိုင်ခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025