မကွေးတိုင်းဒေသကြီးအတွင်း ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်း ဆောင်ရွက်မည်

မကွေးတိုင်းဒေသကြီးအတွင်း ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်း ဆောင်ရွက်မည်


Ministry of Information/ Naypyitaw / December 09, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာအနီးရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေဖူလုံစွာရရှိစေရေးအတွက် ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းလုပ်ငန်းအသစ် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်မည့်နေရာကို ဒီဇင်ဘာ ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက ဆိုလာရေတင်စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် အဆင့်အလိုက်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေပေးဝေနိုင်သည့်ဧကများ တစ်ဆင့်ချင်းတိုးတက်ရရှိနိုင်ရေး ညှိနှိုင်းစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိလာပါက သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် သီးထပ်သီးညှပ်စိုက်ဧကများ ပိုမိုတိုးတက်စိုက်ပျိုးစေလိုကြောင်း၊ တောင်သူအစုအဖွဲ့များ ဖွဲ့စည်း၍ မျိုးစေ့ထုတ်အဖွဲ့များ၊ ရေကို စနစ်တကျအလေအလွင့်မရှိ သုံးစွဲတတ်စေရန်အတွက် ရေအသုံးချသူများအဖွဲ့ (WUG) များကို ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ပဌနဂိုရ်ကျေးရွာအတွင်းရှိ စိုက်ပျိုးမြေများသည် မိုးကောင်းသောက်အဖြစ် စိုက်ပျိုးနေရခြင်း၊ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် သီးနှံ၏ ရေလိုအပ်ချက်နှင့်အညီ မိုးရေမရရှိခြင်း၊ သီးနှံအောင်ရေ အတွက် ရေလုံလောက်မှုမရှိခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းနှင့် သီးနှံအရည်အသွေး ထိခိုက်ကျဆင်း နေခြင်းအပေါ် ဧရာဝတီမြစ်မှ ရေကိုစုပ်တင်၍ သီးနှံများ စိုက်ပျိုးရေလိုအပ်ချိန်တွင် စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ပဌနဂိုရ်ဆိုလာစနစ်ရေတင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက ဒေသရှိ စိုက်ပျိုးမြေဧက ၅၀၀ ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ရာ တစ်နှစ်လျှင် တစ်သီးစိုက်ပျိုး ရာမှ တစ်နှစ်လျှင် သုံးသီး၊ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ညွှန်ကြားရေးမှူး) ရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေ ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။