မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / February 05, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် က လေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကွမ်းလောင်းကျေးရွာလမ်းနှင့် ငါ့ပြင်းကျေးရွာလမ်းကြား အောင် လံ-ပြည်လမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အောင်လံမြို့မှ ပြည်မြို့ဘက်သို့ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာနေ ဦးညီသိန်း (၄၃)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်ယဉ်မေ(၅၆)နှစ်၊ ဒေါ်ခင်သီတာမိုးအောင်(၃၈)နှစ်နှင့် မောင်ခေတ်ဘုန်းခ (၅)နှစ်တို့ သုံးဦး လိုက်ပါလာသော အိုးဝေ သုံးဘီးဆိုင်ကယ်သည် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ဒေါ်ယဉ်မေနှင့် ဒေါ်ခင်သီတာမိုးအောင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးညီသိန်းနှင့် မောင်ခေတ်ဘုန်းခတို့တွင် ထိခိုက် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ညီသိန်း အား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
