မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ
မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / June 17, 2025

နေပြည်တော် ဇွန် ၁၆
မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီး ရှေ့တွင် သတင်းအရ မောင်အောင်သန်း (ခ) ကျော်သန်း၊ မောင်ကျော်နိုင်နှင့် သန်းလွင်တို့ သုံးဦးသယ်ဆောင်လာသည့် စက္ကူဂျပ်ဖာပုံးအား စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပြည်သာမြို့နယ် (၂၀) ရပ်ကွက် မြောင်းမြ (၆) လမ်းရှိ ကျော်နိုင်၏ နေအိမ်ကို ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ သုံးဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။