မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ချောင်းမငယ်ရေသောက်စနစ်နှင့် မဒန်းရေသောက်စနစ်များ ယခုနှစ်နွေစပါးနှင့်နွေသီးနှံ စိုက်ပျိုးရေပေးဝေချိန်အမီ လုပ်ငန်းများပြီးစီးရေးဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ချောင်းမငယ်ရေသောက်စနစ်နှင့် မဒန်းရေသောက်စနစ်များ ယခုနှစ်နွေစပါးနှင့်နွေသီးနှံ စိုက်ပျိုးရေပေးဝေချိန်အမီ လုပ်ငန်းများပြီးစီးရေးဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / January 04, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃

မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ဆည်၊ ကန်၊ တမံ၊ ရေသောက်စနစ်နှင့် ရေတင်လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ချောင်းမငယ်ဆည်ရေသောက်စနစ်နှင့် မဒန်းဆည်ရေ သောက်စနစ်အတွင်းရှိ တူးမြောင်းများ၊ တူးမြောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ချောင်းမငယ် ရေလှောင်တမံမှဆင်အုံကန်သို့ မြို့သောက်သုံးရေအတွက် ရေဖြည့်တင်းနေမှု၊ ဆင်အုံကန် ရေသိုလှောင်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ချောင်းမငယ် ရေလှောင်တမံနှင့် မဒန်းရေလှောင်တမံတို့၏ လက်ရှိ ရေလှောင်ပမာဏနှင့် အသုံးပြုနိုင်မှုအခြေအနေများ၊ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆည်ရေသောက်စနစ်များ ထိခိုက်ပျက်စီးခဲ့မှုများကို အရေးပေါ်ပြင်ဆင်ခြင်းလုပ်ငန်းများ ဦးစားပေးအပိုင်းလိုက် ဆောင်ရွက်ပြီးစီးခဲ့မှု၊ မိုးစပါးနှင့် မိုးသီးနှံအတွက် စိုက်ပျိုးရေပေးဝေခဲ့မှု၊ ဆောင်းသီးနှံလျာထားစိုက်ပျိုးမှု၊ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေနိုင်ရေး စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်ရေး၊ နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေပေးဝေချိန်အမီ လုပ်ငန်းများပြီးစီးရေး၊ စိုက်ပျိုးရေပေးဝေချိန်၌ ထပ်မံပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဦးစားပေးထိန်းသိမ်းရမည့်အပိုင်းများကို လိုအပ်သလို ကြိုတင်ကာကွယ်ဆောင်ရွက်ရန်နှင့် အခြားနည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ဆည်ရေသောက်စနစ်အတွင်း ထိခိုက်ပျက်စီးခဲ့သော တူးမြောင်းများနှင့် တူးမြောင်းအဆောက်အအုံများကို စက်ယန္တရားအင်အား၊ လူအင်အားတို့ဖြင့် ပြုပြင်ဆောင်ရွက်နေမှု၊ ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ချောင်းမငယ် ရေသောက်စနစ်၌ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းစုစုပေါင်း ၅၉ ခု ဆောင်ရွက်ရမည်ဖြစ်ပြီး ၁၅ ခု ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ဆဲ ၄၄ ခုရှိကာလုပ်ငန်း များ၏ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အလားတူ မဒန်းဆည်ရေသောက်စနစ်၌ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းပေါင်း ၅၀ ဆောင်ရွက်ရမည်ဖြစ်ပြီး ၄၄ ခု ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ဆဲခြောက်ခုရှိကာ လုပ်ငန်း ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ချောင်းမငယ်ရေသောက်စနစ်နှင့် မဒန်းရေသောက်စနစ်အတွင်းရှိ တူးမြောင်းများနှင့် တူးမြောင်းအဆောက်အအုံများထိခိုက်ပျက်စီးခဲ့မှုကို ယခုနှစ် ၂၀၂၅-၂၀၂၆နွေစပါး နှင့် နွေသီးနှံဆည်ရေပေး ရာသီအမီစိုက်ပျိုးရေပေးဝေရန် အချိန်မီပြီးစီးရေး အထူးအလေးထား စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာအနီး ချောင်းမငယ် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်သို့ရောက်ရှိရာ တာဝန်ရှိသူက ‌ချောင်းမငယ် ရေလှောင်တမံမှ ဆင်အုံကန်သို့ နေပြည်တော်နေ ပြည်သူလူထုများအတွက် မြို့သောက်သုံးရေ ဖြည့်တင်းပေးနေမှု၊ ရေလှောင်ကန် ရေသိုလှောင်ထားရှိမှု၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစတင်၍ မြို့သောက်သုံးရေ တိုးမြှင့်ပေးဝေမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ ရေလှောင်ကန်၏ ရေပေးရေးတံခါးများကို အစဉ်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းမှုများ ပုံမှန်ဆောင်ရွက်ရန်နှင့် ရေလှောင်ကန်ကြံ့ခိုင်ရေးကို ရေလှောင်ကန်ထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်သီးညှပ်များ ပိုမိုတိုးတက် စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး ဆင်အုံ ကန်တာပေါင်၊ ရေပိုလွှဲနှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆင်အုံကန်အနေဖြင့် ချောင်းမငယ် ဆည်ရေသောက်အတွင်း ၄၆၀၇ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိသည့်အပြင် မြို့သောက်သုံးရေအတွက် တစ်ရက်လျှင် ရေဂါလန် ၃၄ သိန်း (၁၂ ဒသမ ၅ ဧကပေခန့်) ရေပေးဝေလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစတင်၍ မြို့သောက်သုံးရေအတွက် တစ်ရက်လျှင် ရေဂါလန် သိန်း ၆၀ (၂၂ ဧကပေခန့်) ထပ်မံတိုးမြှင့်ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။