မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / November 24, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရတနာပုံတံတား(နှာပေါက်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မီးရထားရပ်ကွက်နေ အောင်မျိုးထွန်း(၄၁)နှစ် မောင်းနှင်လာသည့် ယာယီ E-XXXX သုံးဘီးဆိုင်ကယ်ပေါ်မှ ဒီဇယ်ဆီ ၅၀ ဂါလန်နှင့် အောင်သာယာ ရပ်ကွက်နေ ဇော်မင်း(၃၄)နှစ် မောင်းနှင်လာသည့် MDY/9U-XXXX သုံးဘီးဆိုင်ကယ်ပေါ်မှ ဒီဇယ်ဆီ ၅၀ ဂါလန်တို့အား တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အောင်မျိုးထွန်းနှင့် ဇော်မင်းတို့ နှစ်ဦးအား အမရပူရမြို့မရဲစခန်း (ပ)၃၆၈-၃၆၉/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
