မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရေအားလျှပ်စစ်စက်ရုံထိန်းချုပ်ခန်းနှင့် ထရမ်စဖော်မာများ ပြုပြင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းစက်ရုံးမှူးက မန္တလေးမြို့ အောင်ပင်လယ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပေးပို့နိုင်ရန်အတွက် ပို့လွှတ်ရေးပစ္စည်းများအား စစ်ဆေးပြုပြင်နေမှု၊ ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဌာနမှ တာဝန်ယူထိန်းသိမ်းသော 132 KV အောင်ပင်လယ်-ဆည်တော်ကြီး လိုင်းပြုပြင်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ဓာတ်အားထည့်ရန် ဆည်တော်ကြီးတမံ၏ စက်အမှတ် (၂) အားလည်ပတ်သွားမည့် အခြေအနေ၊ စက်အမှတ် (၁) ၏ပင်မ ထရမ်စဖော်မာများ ပျက်စီးမှုအားစစ်ဆေးခြင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း လုံခြုံအေးချမ်းစွာဖြင့် တာဝန်များထမ်းဆောင်နေမှုအခြအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား အားပေးစကားများ ပြောကြားသည်။
ထို့နောက် ရေပိုလွှဲတံခါးကြီးများမှ မိုးစပါးအောင်ရေအတွက် ရေထုတ်လွှတ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ဆည်တော်ကြီးရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ တမံကြံ့ခိုင်မှုအတွက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့မှု အခြေအနေများနှင့် ပြုပြင်ဆောင်ရွက်သွားမည့် အစီအမံများ၊ တမံအတွင်းရေသိုလှောင်ထိန်းသိမ်းထားမှု၊ မိုးစပါးအောင်ရေအတွက် ရေထုတ်လွှတ်နေမှု၊ မန္တလေး၊ မတ္တရာ၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့်နွေသီးနှံစိုက်ပျိုးရေ ခွဲဝေလျာထားမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို အားပေးစကားများ ပြောကြားကာ တမံနှင့် ရေအားလျှပ်စစ်စက်ရုံတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေနံ့သာကျေးရွာရှိ ရေနံ့သာနယ်မြေရဲစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ရဲတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် မတ္တရာ-သပိတ်ကျင်းလမ်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော တံငါတံတားအား ပြည်သူများ သွားလာနိုင်ရေးအတွက် ယာယီဘေလီတံတားအဖြစ် ပြုပြင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
