မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦးတို့အား ရက်စက်စွာလုပ်ကြံသတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦးတို့အား ရက်စက်စွာလုပ်ကြံသတ်ဖြတ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 20, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၀

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် နိုင်ငံတော်မှ ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် သစ္စာရှိအစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်နေ့လယ်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးလှမင်းကြည် (ဘ) ဦးလှထူးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချိုချိုမြင့် (ဘ) ဦးရွှေသောင်းတို့အားလည်းကောင်း၊ မလှိုင်မြို့နယ်၊ မျက်သီးကျင်း (မြောက်) ကျေးရွာနေ ကုန်စုံဆိုင်လုပ်ကိုင်သူ ဒေါ်လှရှင်း (ဘ) ဦးမွှေး၊ ဒေါ်ယဉ်ယဉ်အောင် (ဘ) ဦးညွန့်ရွှေနှင့် ဦးမိုးသူ (ခ) တရုတ်ကြီး (ဘ) ဦးညွန့်ရွှေတို့အားလည်းကောင်း၊ မလှိုင်မြို့နယ်၊ ရုံးတောကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ ဒေါ်အေးအေးခိုင် (ဘ) ဦးကျော်ဝင်းအားလည်းကောင်း ၎င်းတို့နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်၍ ယုတ်မာရိုင်းစိုင်းစွာ ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် သားဖွားဆရာမဖြစ်သူ ဒေါ်အေးအေးခိုင်အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦးတို့သည် ကျည်ထိမှန်ဒဏ်ရာများဖြင့် ၎င်းတို့နေအိမ်အသီးသီး၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်မှ ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် သစ္စာရှိအစိုးရဝန်ထမ်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သတ်ဖြတ်ခဲ့ကြသဖြင့် ဒေသတွင်း လူမှု၊ စီးပွား၊ ကျန်းမာရေးကဏ္ဍများ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ခဲ့ကြသည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဒေသခံပြည်သူများက ကန့်ကွက်ရှုံ့ချလျက်ရှိပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။