မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ သစ်ခွဲသားများ တရားမဝင်သယ်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ သစ်ခွဲသားများ တရားမဝင်သယ်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 13, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ သစ်ခွဲသားများ တရားမဝင်သယ်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကံသစ်ကုန်းကျေးရွာထိပ်၌ ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းနေစဉ် ပုသိမ်ကြီးမြို့ နယ်၊ နွယ်နီကျေးရွာနေ မျိုးဝင်း(၃၆)နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ ကျော်ဇင်သက်(၃၀)နှစ်၊ တစ်ရပ်ကွက်တည်းနေ ရဲထက်အောင်(၂၇)နှစ်နှင့် ပုသိမ်ကြီးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေ ဆန်းမင်းထွေး(၄၁)နှစ်တို့ လိုက်ပါလာသည့် MDY-13/8K-XXXX FORLAND ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် သစ်ခွဲသားမျိုးစုံ ၉၅ ချောင်း၊ ၁.၁၈၁၉ တန်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မျိုးဝင်းပါ လေးဦးအား ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၇/၂၀၂၆၊ သစ်တော ဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Posted on Jan 13, 2026ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
သတင်းထုတ်ပြန်ချက်
Posted on Jan 12, 2026ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် – မြန်မာနိုင်ငံသည် ရွေးကောက်ပွဲအပြီးတွင် သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့်အချိန်အခါဖြစ်ပါသည်။ ထိုသို့ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးလိုအပ်လျက်ရှိပါသည်။ လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသော အမှုကိစ္စသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါသည်။