မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / February 15, 2026
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်မှ မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြပ်စခန်းကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ် ၄၈ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိတ္ထီလာမြို့မှ တောင်ကြီးမြို့သို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ပြည့်ဖြိုးမင်း(၃၅)နှစ် မောင်းနှင်ပြီး ဘုရားဖူးခရီးသည် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၇ ဦးတို့ လိုက်ပါလာသည့် YGN-22/2R-XXXX ZHONGTONG BUS Express ခရီးသည်တင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ကမ်းပါးယံအား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ မရမ်းကုန်းမြို့နယ်နေ ဦးသောင်းကြည်(၅၆)နှစ်ပါ အမျိုးသား ၈ ဦးနှင့် လှိုင်သာယာမြို့နယ်နေ မသဲသဲလှိုင်(၂၈)နှစ်ပါ အမျိုးသမီး ၁၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပြည့်ဖြိုးမင်း အား ယင်းမာပင်နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း