မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / March 05, 2026
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ အရှိန်မထိန်းနိုင်ဘဲ  ဝင်ရောက်တိုက်မိခဲ့သည့် မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ မတ် ၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၃ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည် မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် ၄၈၂ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ မြောင်းတကာကျေးရွာနေ ဦးစောကောင်းစံ (၃၈)နှစ် မောင်းနှင်လာသည့် YGN-3/1K-XXXX TOYOTA HILUX မော်တော်ယာဉ်သည် တောင်ကြီးမြို့မှ မိတ္ထီလာမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လားရာတူ ၎င်း၏အရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ လမ်းဖြတ်ကူးရန် စောင့်နေသည့် ကြပ်စခမ်းကျေးရွာနေ ဒေါ်ခင်စန်းကြည် (၆၀)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ၎င်းတွင် ထိ ခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် စောကောင်းစံ အား ယင်းမာပင်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း