မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ပြည်သာယာရပ်ကွက်၊ (၁၃)လမ်းတွင် နေအိမ်မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ပြည်သာယာရပ်ကွက်၊ (၁၃)လမ်းတွင် နေအိမ်မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / February 02, 2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီ ၄ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ပြည်သာယာရပ်ကွက်၊ (၁၃)လမ်းရှိ ပိုင်ရှင် ဦးဖိုးဇော်၏ ၂၅x၁၅ ပေ၊ သွပ်မိုး၊ နံကပ် တစ်ထပ်နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်စောမြဝင်းမှ ဒီဇယ်အင်ဂျင်မီးစက်ဖြင့် နာရေးအိမ်သို့ ယာယီသွယ်တန်းကြိုးဖြင့် မီးပေးထားသည့် ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် ပြည်သာယာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၂၅x၁၅ ပေ၊ သွပ်မိုး၊ နံကပ်တစ်ထပ်နေအိမ် တစ်လုံး၊ အိမ်သုံးလျှပ်စစ် မီတာတစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဖိုးဇော်၏ ဇနီးဖြစ်သူ ဒေါ်စောမြဝင်းအား ပျော်ဘွယ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025