မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မန္တလေးမြို့ကျုံးအတွင်း ဧရာဝတီမြစ်ရေ ဖြည့်သွင်းနေမှုနှင့် ကမ်းနားလမ်းသာယာလှပရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မန္တလေးမြို့ကျုံးအတွင်း ဧရာဝတီမြစ်ရေ ဖြည့်သွင်းနေမှုနှင့် ကမ်းနားလမ်းသာယာလှပရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှု


Ministry of Information/ Naypyitaw / August 02, 2024
image_latest


မန္တလေး ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညနေပိုင်းက ကျုံးအတွင်း ဧရာဝတီမြစ်ရေရယူ၍ ဖြည့်သွင်းနေမှုနှင့် ကမ်းနားလမ်းသာယာလှပရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံးအတွင်း ဧရာဝတီမြစ်ရေကို ဖြည့်သွင်းနေသည့် အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၂ လမ်းထောင့်သို့ရောက်ရှိပြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၊ ဌာနမှူး ဦးထွန်းဝင်းတို့က ဧရာဝတီမြစ်ရေစုပ်တင်ရေယူသည့်နေရာမှ ကျုံးအထိ ပေ ၁၈၂၀ ရှိပြီး ၁၂ လက်မပိုက်ဖြင့် တစ်နေ့လျှင် နာရီ ၂၀ ဖြင့် ဂါလန် ၁၂ သိန်း၊ ရှစ်လက်မပိုက်ဖြင့် တစ်နေ့လျှင် နာရီ ၂၀ ဖြင့် ဂါလန်ရှစ်သိန်း စုစုပေါင်းတစ်နေ့လျှင် ဂါလန်နှစ်သန်းကို ဖြည့်သွင်းပေးနေမှု၊ စာတိုက်ကြီး ရေပေးဝေရေးဝင်းအတွင်း စက်ရေတွင်းငါးတွင်းမှ တစ်နေ့လျှင် ဂါလန်လေးသန်းကို မကြာမီ ထပ်မံဖြည့်သွင်းပေးသွားမည့် အခြေအနေများကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆည်တော်ကြီးရေမရရှိခြင်းကြောင့် မန္တလေးတူးမြောင်းမကြီးမှတစ်ဆင့် ကျုံးအတွင်းသို့ ရေဝင်ရောက်မှုမရှိသော်လည်း ကျုံးအတွင်းသို့ ရေပေးသွင်းခြင်းနှင့် ကျုံးရေမှ ပြည်သူများသို့ သောက်သုံးရေပေးဝေခြင်းများကို ပုံမှန်အနေအထားသို့ ရောက်ရှိအောင် အမြန်ဆုံး ဆောင်ရွက်သွားကြရန်တို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီမြစ်ရေကို စုပ်တင်သည့် ရေယူနေရာသို့ လည်းကောင်း၊ အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရန် မန္တလေးမြို့တော်ကမ်းနားလမ်း သာယာလှပရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

Posted on Jul 1, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 1, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။