မန္တလေးတိုင်းဒေသကြီးဝန်ကြီး ဦးမျိုးအောင် ရမည်းသင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးတိုင်းဒေသကြီးဝန်ကြီး ဦးမျိုးအောင် ရမည်းသင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း


Ministry of Information/ Naypyitaw / September 18, 2024
image_latest


ရမည်းသင်း    စက်တင်ဘာ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးတို့သည် ရမည်းသင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ရမည်းသင်းခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့် စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ဝါ၊ နေကြာ၊ ငရုတ်ခင်းများ ပျက်စီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အမြန်ဆုံးကူညီစောင့်ရှောက်ရေး၊ ရေကြီးပြီးနောက် နောက်ဆက်တွဲဖြစ်သည့် ဝမ်း‌ပျက်၊ ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေးစောင့်ရှောက် မှုပေးရန်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် အမြန်ရှင်းလင်းဆောင်ရွက်ပေးရန်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြန်လည်ထူထောင်ရေးတွင် ပျက်စီးသွားသည့် နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် မြေပြိုခြင်းများဖြစ်ပွားသဖြင့် လူနေထိုင်ရန်မသင့်ပါက ရွှေ့ပြောင်းနေရာချထားပေးရန်၊ စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ဝါ၊ နေကြာ၊ မြေပဲ၊ ပဲစင်းငုံ စိုက်ခင်းများ ပျက်စီးမှုများအတွက် ရက်(၉၀)စပါး အစားထိုး စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရမှ မျိုး၊ မြေဩဇာများ ပံ့ပိုးပေးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းများ‌ ဆောင်ရွက်ထားရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရာတွင် မှန်ကန်မှုရှိရေး စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ မိုးရွာသွန်ပြီး ပျက်စီးမှုအခြေအနေများကို တာဝန်ရှိသူများက လက်တွေ့မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြသူများက တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မိုးရွာသွန်ပြီးရေကြီးပျက်စီးခြင်းနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းမှုများကို ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များက တင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တိုင်းအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ ကျပ် (၃,၅၁၁,၄၀၀)ကို ပေးအပ်ရာ ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ဆွယ်ကျေးရွာအနီး ကျေးနီကန်တာဘောင် ကျိုးကျပျက် စီးနေမှုကိုလည်းကောင်း၊ သီးနှံပျက်စီးသွားသည့် လယ်ယာမြေများကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးပြီး ပျဉ်းမတော-သာယာအေး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ (နဝင်းချောင်း တံတား) ရေတိုက်စားပျက်စီးသဖြင့် ပြုပြင်နေမှုကို ကြည့်ရှုကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီလဝခန်းမ၌ ရေဘေးသင့်ပြည်သူ (၃၀၀) ဦးကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ငါး‌သေတ္တာနှင့် စားသောက်ကုန်ခြောက်များ ထောက်ပံ့ပေးအပ်ကာ အိမ်ထောင်စုနှင့် နိုင်ငံသားကတ် ပျက်စီးသွားသည့် အိမ်ထောင်စုများအား သက်ဆိုင်ရာကတ်များကို လက်ရောက်ပေးအပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်များကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ရွှေဒါး စီပင်စိုက်ပျိုးရေးသုတေသနခြံရှိ ဆင်ရွှေကြာ-၂ သုတေသနပြု နေကြာစိုက်ခင်းကို ကြည့်ရှုရာ စိုက်ခင်းရှင်းလင်းဆောင်၌ စီပင်ခြံတာဝန်ခံသုတေသနအရာရှိ ဦးဝင်းစိုးက နေကြာစိုက်ခင်း စိုက်ပျိုးထားမှုအခြေအနေများ၊ မိုးရွာသွန်း၍ ပျက်စီးမှုအခြေအနေများနှင့် အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

Posted on Jul 1, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 1, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။