မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာ နေအိမ် မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ Nay Pyi Taw / March 23, 2025
၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာရှိ ပိုင်ရှင် ဒေါ်ပပဝင်း၏ ၈ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်တွင် ထမင်းဟင်းချက်ပြုတ်ပြီး မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၈ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် လူနေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်ပပဝင်းအား ပုသိမ်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
Posted on Mar 25, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Posted on Mar 21, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း