မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး


Ministry of Home Affairs/ Nay Pyi Taw / May 24, 2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးနှင့် ၎င်းတို့လုယက်ရန်ကြိုးစားခဲ့သည့်မီနီအိုးဝေတို့၏ မှတ်တမ်းဓာတ်ပုံ။ 


      မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ မီနီအိုးဝေအား ငှားရမ်းစီးနင်း၍ ဓားဖြင့်ထိုးကာ လုယက်ရန် ကြိုးစားသူနှစ်ဦးအား အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်နေ ဦးကျော်လင်း (၆၀)နှစ် မောင်းနှင်သော MDY-21U XXXX မီနီအိုးဝေ‌ယာဉ်အား ငှားရမ်းစီးနင်းလိုက်ပါလာသူ  အမျိုးသား နှစ်ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၄ မိုင် ၇ ဖာလုံ UD Amara Garden City အနီးအရောက်တွင် ယာဉ်မောင်း ဦးကျော်လင်းအား ဓားဖြင့်ထိုးကာ မီနီအိုးဝေယာဉ်အား လုယက်ယူဆောင်ခဲ့ရာ ယာဉ်မောင်း ဦးကျော်လင်းမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဦးခေါင်း နောက်စေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပါသည်။
    မှုခင်းဖြစ်ပွားကြောင်း သတင်းရလျှင်ရခြင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့် ပူးပေါင်း သတင်းရယူဖော်ထုတ်ခဲ့ရာ လုယူခံရသည့် မီနီအိုးဝေယာဉ်နှင့်အတူ ကျူးလွန်သူများဖြစ်ကြသည့် ပြည်ကြီး တံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေသူများဖြစ်ကြသည့် စိုးမင်းထွန်း(ခ) ထက်ရှိုင်း (၁၉)နှစ် (ဘ) ဦးဝေလွင်အောင် နှင့် ဇော်ဝင်းထွန်း (၁၆)နှစ်(ဘ)ဦးစောခင်ထွန်း တို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား ၇ လက်မခန့်စီရှိ ဓားဦးချွန် ၂ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Posted on May 25, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Posted on May 24, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Posted on May 23, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on May 22, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on May 20, 2025
AnnouncementsExplore more >

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

HOT NEWS
January 4,