မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး
Ministry of Home Affairs/ Nay Pyi Taw / May 24, 2025
မန္တလေးမြို့ပေါ်ရပ်ကွက်များ၌ ဆိုင်ကယ်စီးနင်းသွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံ၍လုယက်မှုများ မကြာခဏကျုးလွန်ဖြစ်ပွားလာသဖြင့် ကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ အသွင်ယူသတင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ လုယက်မှု ကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် နေသူများဖြစ်သည့် မျိုးထွန်းနိုင် (ခ)အရှည်ကြီး (၄၆)နှစ် (ဘ)ဦးသိန်းပိုင်နှင့် ကျော်မျိုးသူ(ခ)အောင်ပု (၄၁)နှစ် (ဘ)ဦးကျော်ထွန်းတို့ နှစ်ဦးအား မေ ၂၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ x ၃၉ လမ်း ထောင့်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နှစ်ဦး၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံများဖြစ်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ ဒေါ်ထွေးတင်(၅၃)နှစ် (ဘ)ဦးခင်မောင်အား ညနေ ၅ နာရီ ၃၀ မိနစ်တွင် ၎င်း၏ နေအိမ်၌လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေသူများဖြစ်သည့် ဇေယျာထွန်း (ခ)ဖိုးဆယ်(၂၉)နှစ် (ဘ)ဦးမြင့်ဦးနှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ) အောင်ထွန်း (၂၉)နှစ် (ဘ)ဦးလှမြင့် တို့ နှစ်ဦးအား ည ၆ နာရီ ၃၀ မိနစ်တွင် အောင်ပင်လယ်ရပ်ကွက်ရှိ 3 COLOUR တည်းခိုခန်း၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ မျိုးထွန်းနိုင်(ခ) အရှည်ကြီးနှင့် ကျော်မျိုးသူ (ခ) အောင်ပု တို့ နှစ်ဦးသည် မေ ၁၁ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂ x ၅၃ လမ်း ကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးနှစ်ဦးထံမှ ရွှေဆွဲကြိုး တစ်ကုံးအား လည်းကောင်း၊
မျိုးထွန်းနိုင်(ခ) အရှည်ကြီး၊ ကျော်မျိုးသူ (ခ) အောင်ပု၊ ဇေယျာထွန်း(ခ) ဖိုးဆယ်နှင့် အောင်ထွန်းလင်း (ခ) ကျော်ကြီး(ခ) အောင်ထွန်း တို့ လေးဦးသည် ဧပြီ ၁၁ ရက်က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇ x ၁၁၀ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးအားလည်းကောင်း၊ မေလအတွင်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၁ x ၅၂ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံး နှင့် ၁၀၇ x ၁၀၈ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုး တစ်ကုံးအားလည်းကောင်း၊ မေ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး နှစ်ဦးနှင့် ကလေးတစ်ဦးထံမှ ဆွဲသီးပါ ရွှေဆွဲကြိုး တစ်ကုံးအားလည်းကောင်း၊ မေ ၁၉ ရက်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄) ရပ်ကွက်၊ ၁၁၀ x ၁၁၁ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး နှစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးအားလည်းကောင်း၊
ဇေယျာထွန်း(ခ) ဖိုးဆယ်နှင့် အောင်ထွန်းလင်း(ခ) ကျော်ကြီး(ခ) အောင်ထွန်း တို့ နှစ်ဦးသည် ဧပြီလအတွင်း ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၁၁၀ x ၁၁၁ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီး နှစ်ဦးထံမှ ရွှေဆွဲကြိုး ၁ ကုံးအားလည်းကောင်း၊ မေလအတွင်းက မြို့သစ် (၄)ရပ်ကွက်၊ ၁၀၉ လမ်း၊ ၆၂ x ၆၃ လမ်းကြား၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး တစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးအားလည်းကောင်း လုယက်ယူဆောင်ခဲ့ကြောင်း၊
အထက်ပါဖြစ်စဉ်များမှ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ဒေါ်ထွေးတင် မှ နဝလီရွှေဆိုင်များတွင် သွားရောက်ရောင်းချကာ ခွဲဝေသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လုယက်မှုကျူးလွန်သူ တရားခံများဖြစ်သည့် မျိုးထွန်းနိုင်(ခ)အရှည်ကြီး၊ ကျော်မျိုးသူ(ခ) အောင်ပု၊ ဇေယျာထွန်း(ခ) ဖိုးဆယ်၊ အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်းနှင့် ရွှေထည်ပစ္စည်းများအား ရောင်းချပေးသူ ဒေါ်ထွေးတင် တို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုရေးဖွင့်ဆောင်ရွက်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖြစ်စဉ်များတွင် ပါဆုံးခဲ့သည့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်း၍ နစ်နာသူပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုယက်မှုကျူးလွန်ခံရသူများအနေဖြင့်လည်း မိမိတို့၏ပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများ၌ ဆက်သွယ်စုံစမ်းတောင်းခံနိုင်ပါကြောင်း သတင်းရရှိပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 22, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
Posted on May 23, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)