မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် ပြည်သူနှစ်ဦးတို့အား ဖမ်းဆီးခေါ်ဆောင်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် ပြည်သူနှစ်ဦးတို့အား ဖမ်းဆီးခေါ်ဆောင်


Ministry of Information/ Naypyitaw / June 11, 2025
image_latest


နေပြည်တော် ဇွန် ၁၁

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာနေ ဦးဇော်မျိုးသက် (ခ) ကိုသက် (၄၇) နှစ်သည် ရွှေမုဌောဘုရားအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ၎င်းပိုင်ကွမ်းဆိုင်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားအင်အား ၂၀ ဦးခန့်က 4WD အမျိုးအစား မော်တော်ယာဉ်တစ်စီး (စိစစ်ဆဲ)၊ ဆိုင်ကယ်ငါးစီးတို့ဖြင့် နွားထိုးကြီးမြို့နယ်ဘက်မှ ရောက်ရှိလာပြီး ဦးဇော်မျိုးသက် (ခ) ကိုသက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါအကြမ်းဖက်သမားများသည် ရွှေမုဌောဘုရားမြောက်ဘက်မုခ်အနီးနေသူများဖြစ်သည့် ဦးကျော်သက် (၅၅) နှစ်၊ ဦးသက်နိုင်ဦး (ခ) ငသက် (၄၇) နှစ်နှင့် မလှိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကြီးတန်းစာရေး ဒေါ်ခင်မြင့်ထွေး (၄၀) နှစ်တို့ သုံးဦးအား ဖမ်းဆီးခေါ်ဆောင်ကာ တောင်သာမြို့နယ်၊ သံဘို-သန်းတန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့ပြည်သူနှစ်ဦးအား အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေးနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Posted on Jun 13, 2025

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊  သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏  ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Posted on Jun 13, 2025

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၁ - ၆ -၂၀၂၅ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှ လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -

HOT NEWS
January 4,